Live
Home
မြန်မာသတင်း
ကောလင်းတွင် မိုးသက်လေပြင်းတိုက်၊ အသက် ၇၇ အရွယ် အမျိုးသား ၁ ဦး သစ်ပင်ပိသေဆုံး
DVB
·
May 16, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့မှာ မေလ ၁၅ ရက်မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အသက် ၇၇ အရွယ် အမျိုးသားတဦး သစ်ပင်ပိ သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကောလင်းမြို့ မြောက်အင်းရပ်ကွက်ရှိ သစ်တောဦးစီးဌာန ရုံးဝင်းအတွင်းမှ စိန့်ပန်းပင် အမြစ်ကနေ မြေလှန်လဲကျခဲ့ပြီး မိုးသက်လေပြင်း တိုက်ခတ်နေစဉ် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အနောက်မှအရှေ့သို့ သွားလာနေတဲ့ ကောလင်းမြို့ မင်္ဂလာရပ် မြောက်အင်းရပ်ကွက်နေတဲ့ အသက် ၇၇ အရွယ် ဦးလှဖေ ဟာ သစ်ပင်ပိခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ကောလင်းမြို့မရဲစခန်းက သေမှုသေခင်း အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024