A d v e r t i s e m e n t With Us

စကုမြို့နယ်တွင်း မိုးသက်လေပြင်းတိုက်ခတ်၊ အိမ်ခြေ ၇၂၀ ကျော် ပျက်စီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်အတွင်းမှာ မေလ ၁၅ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်တဲ့အတွက်ကြောင့် အိမ်ခြေ ၇၂၀ ကျော်ပျက်စီးခဲ့ရတယ်လို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။ လေပြင်းတိုက်ခိုက်မှု အချိန်ဟာ ၁၅ မိနစ်လောက်ပဲဆိုပေမယ့် ကျေးရွာအုပ်စု (၁၈) ခုက ရွာပေါင်း ၂၆ ရွာမှာ အိမ်တွေ ဘုရားတံဆောင်းတွေနဲ့ သစ်ပင်တွေ ပြိုလဲပြီး ကျွဲနွား တိရစ္ဆာန်တွေ အသေအပျောက်ရှိခဲ့တယ်လို့ပြောပါတယ်။ အဲဒီလို လေပြင်းတိုက်ခိုက်မှုနဲ့ မိုးကြိုးပစ်ခတ်မှုကြောင့် လူတဦးမိုးကြိုးပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးပြီး မင်းဘူး၊ စကု မြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်ထဲက အများပြည်သူသွားလမ်းမတွေပေါ်မှာ ထနောင်းပင်၊ လက်ပံပင်၊ တမာပင်တွေ လဲကျပြီ လမ်းတွေ ပိတ်ဆို့နေပါတယ်။ ရွာသူရွာသားတွေနဲ့အတူ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြို့နယ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကိုယ်တိုင်က ဝိုင်းဝန်းကူညီ ရှင်းလင်းပေးနေတယ်လို့ ပြောပါတယ်။ လေပြင်းတိုက်ခိုက်မှုကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေကို ကူညီပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ မေလ (၁၆) နေ့မှာ တွေ့ဆုံဆွေးနွေးပြီး လိုအပ်တာတွေကို သွားရောက် ကူညီသွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up