A d v e r t i s e m e n t With Us

ပဲခူးတွင် ရေတွင်းဟောင်းဆယ်ရာက အောက်ဆီဂျင် ပြတ်တောက်ပြီး သားအဖ ၂ ဦးသေဆုံး

ပဲခူးမြို့ မဇင်းရပ်ကွက် မဟာစေတီဘုရားလမ်းက ခြံဝင်းအတွင်းမှာရှိတဲ့ အနက် ပေ ၃၀ လောက်ရှိတဲ့ ရေတွင်းဟောင်းကို ဆင်းဖော်ရာ မေလ ၁၅ ရက်နေ့ မနက်က အောက်ဆီဂျင် ပြတ်တောက်ပြီး သားအဖ ၂ ဦးသေဆုံးခဲ့ရပါတယ်။ သေဆုံးသူ ပဲခူးမြို့သူဌေးကုန်းရပ်ကွက်နေ အသက် ၄၇ နှစ်အရွယ် ဦးဖိုးဆောင်းနဲ့ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်မြင့်မြတ် တို့ ရေတွင်းဟောင်းအတွင်း ဆင်းသွားပြီးနောက် ခြံရှင် ဒေါ်တင်ရွှေရဲ့သားမတ် ဦးဝင်းနိုင်ဇော်နဲ့ ဦးညာသား(ခ) ဦးသန်းလွင်တို့မှ ရေတွင်းအပေါ်က ကြိုးကိုင် စောင့်ဆိုင်းနေကြပါတယ်။ ရေတွင်းထဲဆင်းပြီး ၅ မိနစ်အကြာမှာ သူတို့သားအဖကို လှမ်းခေါ်တာ မကြားရတော့တဲ့အပြင် လှုပ်ရှားမှုလည်း မတွေ့တာကြောင့် ပတ်ဝန်းကျင်ကို အကူအညီ တောင်းခံခဲ့ပါတယ်။ ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ စခန်မှူးရဲအုပ်စိန်လွင် နဲ့ တာဝန်မှူးဒုရဲအုပ် အောင်နိုင်ဝင်းတို့ အဖွဲ့နဲ့ မီးသက်တပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်နေပြည်သူတွေ ရောက်ရှိလာပြီး မီးသတ်ဦးစီးဌာနက ဒုဦးစီးမှူးဦးဆန်းဦးနဲ့အဖွဲ့က ရေတွင်းအတွင်းဆင်းကြည့်ရာ ဦးဖိုးဆောင်းတို့သားအဖမှာ ပြင်ပဒဏ်ရာ တစုံတရာမရရှိဘဲ သေဆုံးနေတာကို တွေ့ရတယ်လို့ သိရပါတယ်။ သေဆုံးသူတွေဟာ အသက်ရှုကြပ်ပြီး သေဆုံးတာဖြစ်တယ်လို့ မီးသတ်ဋ္ဌာနမှ ဒုဦးစီးမှူး ဦးဆန်းဦးက ပြောပါတယ်။ ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်း စခန်မှူးနဲ့အဖွဲ့က အလောင်းကို ဆေးရုံပို့ဆောင်ပြီး ရဲလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်စိုးမိုး (ပဲခူး)

A d v e r t i s e m e n t With Us

More News
Up