Home
မြန်မာသတင်း
လယ်သိမ်း​ခံရမှု ​နေပြည်​တော်သို့​ သွား​ရောက်တင်ပြ
နေသွင်
·
September 1, 2011
လယ်သိမ်း​ခံရတဲ့​ လယ်သမား​ ၂၀ ​ကျော်က သူတို့​ နစ်နာချက်​တွေကို ဥပ​ဒေအကာအကွယ် ရဖို့​ ​နေပြည်​တော် လွှတ်​တော်ရုံး​ကို သွား​ရောက်တင်ပြခဲ့​ပါတယ်။ ဒဂုံဆိပ်ကမ်း​ မြို့​နယ် လယ်သမား​တွေက ဩဂုတ် ၂၉ ရက်​နေ့​မှာ တင်ပြခဲ့​တာဖြစ်ပြီး​ လွှတ်​တော်ကျင်း​ပ​နေချိန်နဲ့​ တိုက်ဆိုင်​နေပါတယ်။ လယ်သမား​ ၄၀ ပိုင်တဲ့​ လယ်​မြေဧက ၂၀၀ ​ကျော်​ပေါ်မှာ ​ကောင်း​မြန်မာ ပန်း​ပုကုမ္ပဏီက ပန်း​ပုရွာတည်ဖို့​ဆိုပြီး​ ၄ လပိုင်း​ကတည်း​က အလံ​တွေ ဝင်စိုက်သွား​တယ်လို့​ လယ်သမား​တွေက ​ပြောပါတယ်။ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တဦး​က “တခြား​အလုပ်​တွေ ဘာအလုပ်မှ မရှိပါဘူး​။ ဒီလယ်ပဲလုပ်တတ်ပါတယ်။ လယ်ပြန်ရဖို့​ပဲ လိုချင်ပါတယ်။ ဒီလယ်​လေး​နဲ့​ဆို​တော့​ သား​သမီး​တွေရဲ့​ ပညာ​ရေး​ကို အ​ထောက်အကူ ပြုနိုင်ပါတယ်။ သား​သမီး​ သုံး​ယောက်ရှိတယ်။ ၉ တန်း​ရယ်၊​ ၇ တန်း​ရယ်၊​ ၁၀ တန်း​ရယ်ဖြစ်ပါတယ်။ ဒါ​လေး​တွေကို ပညာသင်​ပေး​ချင်လို့​ ဒီလယ်ထဲမှာ ကြိုး​စား​နေတာပါ” လို့​ ​ပြောပါတယ်။ လယ်သမား​တွေ သွား​ရောက်ခဲ့​တဲ့​ ​နေပြည်​တော် လွှတ်​တော်ရုံး​ (ရုံး​အမှတ်-၂၀) ဟာ ပြည်သူ​တွေ ကြုံ​နေရတဲ့​ အခက်အခဲ​တွေနဲ့​ ဥပ​ဒေအကြံပြု စာတမ်း​တွေ ​ပေး​ပို့​နိုင်တဲ့​ ရုံး​လို့​ သိရပါတယ်။ လယ်ဧက ၂၀ အသိမ်း​ခံရတဲ့​ လယ်သမား​ ဦး​တင်ဦး​က “သူတို့​သိမ်း​လိုက်​တော့​ ထမင်း​အိုး​ခွက် ​ပျောက်သလို​ပေါ့​။ ကျ​နော်တို့​မှာ ဘာမှစား​စရာ မရှိ​တော့​ဘူး​။ ဆန်ဝယ်စား​စရာ ပိုက်ဆံကို မရှိ​တော့​ဘူး​” လို့​ ​ပြောပါတယ်။ လယ်သမား​တွေရဲ့​ စာနဲ့​တင်ပြချက်ကို လွှတ်​တော်ရုံး​ ဦး​စီး​အရာရှိ ဦး​ဌေး​ဦး​နဲ့​ တာဝန်ရှိသူ​တွေက လက်ခံထား​ပြီး​ လွှတ်​တော် ဥက္ကဋ္ဌ​တွေရဲ့​ ​ပေး​ပို့​ သွား​မယ်လို့​ အ​ကြောင်း​ပြန်ခဲ့​တယ်လို့​ လယ်သမား​တွေက ဆိုပါတယ်။ ကောင်း​မြန်မာ ကုမ္ပဏီက အခုလို လယ်​တွေ သိမ်း​ယူခဲ့​တာဟာ တရား​မျှတမှုမရှိဘူး​လို့​ လယ်သမား​တွေဘက်က ကူညီ​ဆောင်ရွက်​ပေး​တဲ့​ ​ရှေ့​နေ ဦး​ဖိုး​ဖြူက ​ပြောပါတယ်။ “စိုက်ပျိုး​ဧက​တွေဟာ စပါး​သီး​နှံတမျိုး​တည်း​ကိုပဲ စိုက်ပျိုး​နိုင်တဲ့​ လယ်ယာ​တွေ ဖြစ်တယ်။ ​တောင်သူလယ်သမား​တွေက စိုက်ပျိုး​ထွန်ယက် လုပ်ငန်း​ကိုပဲ လုပ်တတ်တာဖြစ်​တော့​ တခြား​နည်း​နဲ့​ အသက်​မွေး​ ဝမ်း​ကျောင်း​နိုင်တာ မဟုတ်ဘူး​။ ဒါ​ကြောင့်​မို့​ လူမှုတရား​မျှတမှု ကင်း​မဲ့​နေတယ်လို့​ပဲ ​ပြောချင်ပါတယ်။” ဒဂုံဆိပ်ကမ်း​၊​ ဒဂုံ​တောင်၊​ ဒဂုံအ​ရှေ့​ပိုင်း​ မြို့​နယ်၃ ခုမှာလည်း​ ကုမ္မဏီ ၁၄ ခုက သိမ်း​ထား​တဲ့​ ဧက တ​သောင်း​ကျော်ရှိပြီး​ မိသား​စု​ပေါင်း​ ၁ ​သောင်း​ရဲ့​ အသက်​မွေး​ဝမ်း​ကျောင်း​တွေ ထိခိုက်​နေတယ်လို့​ ဦး​ဖိုး​ဖြူက ​ပြောပါတယ်။ မြန်မာပြည်မှာ ​ခေတ်အဆက်ဆက်ကတည်း​က ကျင့်​သုံး​လာတဲ့​ ​မြေယာ ဥပ​ဒေဟာ လယ်သမား​တွေကို အကာအကွယ် မ​ပေး​နိုင်တာ​ကြောင့်​ ဥပ​ဒေသစ်နဲ့​ အစား​ထိုး​ဖို့​ လယ်သမား​အ​ရေး​ ​ဆောင်ရွက်​နေသူ​တွေက အကြံပြု​နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024