မသန်ပေမယ့် စွမ်းသည့် ခြေ ၂ ချောင်းနှင့် ဆိတ်ကလေး (ရုပ်သံ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင်ထဲက ဆိတ်ကလေးတကောင်ဟာ မွေးရာပါ ခြေထောက် ၂ ချောင်းသာ ပါခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်နိုင်မှုကိုတော့ အံ့မခန်း ပြသနိုင်ခဲ့ပါတယ်။
သူ့အတွက် ရှေ့ခြေ ၂ ချောင်းတည်းနဲ့ မြေပြင်ပေါ်မှာ မတ်မတ်ရပ်နေနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။
ဒါပေမယ့် ဒီဆိတ်ကလေးကတော့ မသန်ပေမယ့် စွမ်းတယ်ဆိုတာကို ပြသနိုင်ခဲ့ပါပြီ။
ဒီဆိတ်ကလေးကို ၂၀၁၅ ခုနှစ်က ဇင်ပင်းယီဒိုင် စီရင်စုနယ်မြေထဲက ဒေသတွင်း သစ်တောစိုက်ခင်း တခုတွင်းမှာ မွေးဖွားခဲ့တာပါ။
စိုက်ခင်းအလုပ်သမားတဦးက အဲဒီဆိတ်ကလေးဟာ မွေးစကနေ ၁ ပတ်အတွင်းမှာပဲ ခြေ ၂ ချောင်းနဲ့ လမ်းလျှောက်တတ်အောင် သင်ယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။