မသန်ပေမယ့် စွမ်းသည့် ခြေ ၂ ချောင်းနှင့် ဆိတ်ကလေး (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင်ထဲက ဆိတ်ကလေးတကောင်ဟာ မွေးရာပါ ခြေထောက် ၂ ချောင်းသာ ပါခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်နိုင်မှုကိုတော့ အံ့မခန်း ပြသနိုင်ခဲ့ပါတယ်။ သူ့အတွက် ရှေ့ခြေ ၂ ချောင်းတည်းနဲ့ မြေပြင်ပေါ်မှာ မတ်မတ်ရပ်နေနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ဒီဆိတ်ကလေးကတော့ မသန်ပေမယ့် စွမ်းတယ်ဆိုတာကို ပြသနိုင်ခဲ့ပါပြီ။ ဒီဆိတ်ကလေးကို ၂၀၁၅ ခုနှစ်က ဇင်ပင်းယီဒိုင် စီရင်စုနယ်မြေထဲက ဒေသတွင်း သစ်တောစိုက်ခင်း တခုတွင်းမှာ မွေးဖွားခဲ့တာပါ။ စိုက်ခင်းအလုပ်သမားတဦးက အဲဒီဆိတ်ကလေးဟာ မွေးစကနေ ၁ ပတ်အတွင်းမှာပဲ ခြေ ၂ ချောင်းနဲ့ လမ်းလျှောက်တတ်အောင် သင်ယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up