ထိုင်းဘုရင် နန်းသက် ၇၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုစက်ဘီးစီးပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
May 15, 2016
ထိုင်းဘုရင်ရဲ့ နန်းသက် အနှစ် ၇၀ ပြည့် အထိမ်းအမှတ်ဂုဏ်ပြုစက်ဘီးစီးပွဲကို ဒီကနေ့မနက်ပိုင်းက ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲတော်မှာ စက်ဘီးသမား ၁ ထောင်ကျော်ပါဝင်ဆင်နွှဲခဲ့ကြပြီး ထိုင်းနိုင်ငံ ခရီး သွားလာရေးနဲ့ အားကစားဝန်ကြီးဌာနမှ စီစဉ်တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်း မှာ ဖော်ပြပါတယ်။
စက်ဘီးသမားတွေဟာ အကွာအဝေး ၁၃ ဒဿမ ၇ ကီလိုမီတာခရီးကို ဆူပါချယ် လာဆိုင်းအားကစားကွင်း(အမျိုးသားအားကစားကွင်း)ကနေစတင်တာထွက်ခဲ့ကြပြီး ကျောက်စိမ်းဘုရား၊ ဆန်နမ်နဲ့ ရက်တ်ချာဒမ်နွန်လမ်းတွေကို ဖြတ်ခဲ့ပြီး စမှတ်ဖြစ်တဲ့ အ မျိုးသားအားကစားကွင်းဆီ ပြန်လည်ဝင်ရောက်ခဲ့ကြတာပါ။