ဘင်္ဂလားဒေ့ရှ်တွင် မိုးကြိုးပစ်မှုကြောင့် လူ ၆၀ ကျော် သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ရက်က နိုင်ငံတ၀ှမ်း လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပြီး မိုးကြိုးထိမှန်မှုကြောင့် လူပေါင်း ၆၀ ထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဘဲလ်ဖတ်စ်တယ်လီဂရပ်ဖ်သတင်းမှာ မေလ ၁၄ ရက်နေ့က ဖော်ပြပါတယ်။ ဒေသတွင်း ဘင်္ဂဘာလီဘာသာနဲ့ ထုတ်ဝေတဲ့ ပရိုသွန်အလိုနှင့် ဆမန်ကဲလ် သတင်းစာမှာတော့  ပြီးခဲ့တဲ့ ကြာသပတေးနေ့တည်းက မိုးကြိုးထိမှန်လို့ သေဆုံးရတဲ့ လူဦးရေ ၆၄ ဦးရှိတယ်လို့ ဆိုပါတယ်။ ခုရာသီဟာ ကောက်ရိတ်သိမ်းချိန်ဖြစ်တာမို့ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ တောင်သူတွေအလုပ်ရှုပ်နေကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကျေးလက်ဒေသတွေ အများစုမှာ ဖြစ်ခဲ့တာလို့ သတင်းက ဆိုပါတယ်။ လက်ရှိမှာတော့ မိုးကြိုးထိမှန်သေဆုံးမှုအဖြစ် သီးခြား သေဆုံးပျက်စီးမှု အသေး စိတ်ကို မပြောနိုင်သေးပဲ အစိုးရသက်ဆိုင်ရာအေဂျင်စီတွေက စောင့်ကြည့်စစ်ဆေးမှု တွေလုပ်နေဆဲဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ ခုလိုမိုးကြိုးထိမှန်သေဆုံးရတာဟာ ဘင်္ဂလားဒေ့ရှ်နိုင် ငံတွင်း သစ်တောဆုံးရှုံးမှုတိုးမြင့်လာပြီး လျှပ်စီးလမ်းကြောင်းဖြတ်သန်းချိန်မှာ ဆဲလ်ဖုန်း လို သတ္တုပစ္စည်တွေအသုံးပြုမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up