မော်စကို သုသာန်အလုပ်သမား နှစ်ဖွဲ့ ရိုက်နှက်မှုဖြစ်ပွား (ရုပ်သံ)
1.8K
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်က အကြီးဆုံးသုသာန်မှာ စနေနေ့က သုသာန်အလုပ်သမား ၂ စု အုပ်စုဖွဲ့ရိုက်ကြပြီး လူ ၃ ဦးသေဆုံးတယ်လို့ မော်စကိုရဲတပ်ဖွဲ့ ပြောဆပါတယ်။
သုသာန်ဝန်ဆောင်မှုလုပ်ငန်းအတွက် ပြိုင်ဖက်အုပ်စု ၂ စု လုကြရာကနေ အုပ်စုဝင် ၂ ရာကျော် ရိုက်နှိက်ခဲ့ကြပြီး လူ ၂၃ ဦးကို ဆေးရုံတင်ပို့ ကုသထားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
သေဆုံးသူ ၃ ဦးထဲက ၂ ဦးကတော့ ရိုက်ပွဲဖြစ်လို့ ထွက်ပြေးကြရင်း ကားတိုက်သေဆုံး တာလို့လည်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
ပစ္စတိုသေနတ်ကိုင်ဆောင်ထားသူ ၃ ဦးအပါအ၀င် လူ ၉၀ ကျော် ဖမ်းဆီးခံရပါတယ်။ ပြိုင်ဖက်အလုပ်သမား အုပ်စုတွေ ဂေါ်ပြာတွေ၊ သံပိုက်တွေ၊ ဘေ့စ်ဘောရိုက်တံတွေနဲ့ ရိုက်နှိက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း သေနတ်ထောင်ပစ် လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။
သုသာန်အလုပ်သမားတွေကတော့ အရင်ဆိုဗီယက် အာရှအလယ်ပိုင်းနဲ့ ကော့ကေးဆပ်ဒေသက တိုင်းရင်းသားလူမျိုးစုတွေလို့ သတင်းက ဆိုပါတယ်။