ကမ္ဘာ့ အလေးစားဆုံး ပုဂ္ဂိုလ်များစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်

1.2K
ဗြိတိန်အခြေစိုက် YouGov သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့က အလေးစားဆုံး လူပုဂ္ဂိုလ်များစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။
ကမ္ဘာ့ဒေသအသီးသီးမှာ လူထု စစ်တမ်းတွေကို ပြုလုပ်နေတဲ့ သုတေသနအဖွဲ့ရဲ့ စာရင်းမှာ လေးစားဖွယ် အမျိုးသားနဲ့ အမျိုးသမီး ဆိုပြီး ခွဲခြား ဖော်ပြပါတယ်။
အမျိုးသားစာရင်းမှာ ပရဟိတ သူဌေးကြီး ဘေးဂိတ်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့က ထိပ်ဆုံးက ပါဝင်ပြီး၊ အမျိုးသမီး စာရင်းမှာတော့ ဟောလီဝုဒ် ရုပ်ရှင် မင်းသမီးနဲ့ ကုလသမဂ္ဂ အထူးသံတမန် အိန်ဂျလိုနာဂျိုလီ၊ အင်္ဂလန် ဘုရင်မကြီး အဲလိစဘက်တို့က ထိပ်ဆုံးက ပါဝင်ပါတယ်။
ဂျာမနီဝန်ကြီးချုပ် အန်ဂဲလာ မာကဲနဲ့ မြန်မာပြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က အမှတ်စဉ် ၈ နဲ့ ၉ နေရာကနေ ပါဝင်ပါတယ်။