A d v e r t i s e m e n t With Us

တရုတ်တွင် ငလျင်ကြောင့် တွင်းနက်ကြီး ဖြစ်ပေါ် (ရုပ်သံ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းမှာ မေလ ၁၁ ရက်နေ့က အင်အားပြင်းငလျင်တခုကြောင့် တွင်းနက် ကြီးတတွင်းဖြစ်ပေါ် ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကွမ်ဒိုမြို့၊ ဒန်ချန်ဒေသအနီး တောင်ကုန်းတခုအနီးမှာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး တွင်းရဲ့အနက်ဟာ မီတာ ၂၀ ရှိပြီး အကျယ် ၃ မီတာလောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြင်းထန်တဲ့ ငလျင်ကြောင့် မြေပြိုကျမှုဖြစ်ပေါ်မှုတွေအပြီးမှာ ဖြစ်ပေါ်လာ ခဲ့တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒေသတွင်းမြေအရင်းအမြစ်ဌာနက တာဝန်ရှိသူတွေဟာ အကြောင်းရင်းကို စုံစမ်း ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။ အဲဒီတွင်းနက်ကြီးဟာ ဒေသတွင်း ကျေးရွာအချင်းချင်းဆက်သွယ်တဲ့ လမ်းမကြီး အနီးမှာရှိတာမို့ မေလ ၁၄ ရက်နေ့မှာတော့ ကယ်ဆယ်ရေးလုပ်သားတွေဟာ တွင်းကို မြေဖို့တာတွေ လုပ်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up