ဘင်္ဂလားပင်လယ်အော်တွင် ၃၆ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်
DVB
·
May 15, 2016
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၆ နာရီအချိန် တိုင်းထွာချက်မအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်လို့ သတင်းမှာ ဖော်ပြထားပါတယ်။