ဆင်မကြီးတကောင်ရဲ့သွားကို ဘယ်လိုနုတ်ယူသလဲ (ရုပ်သံ)

2.6K
အင်္ဂလန်နိုင်ငံ တိရစ္ဆာန်တရုံမှာ မွေးထားတဲ့ အာရှဆင်မကြီး တကောင်ကို သွားဆရာဝန်တယောက်က သွားနုတ် ကုသပေးခဲ့ရတယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။
ZSL Whipsnade ဇီအက်အယ် ၀စ္စနိတ် တိရစ္ဆာန်ရုံမှာ မွေးထားတဲ့ အသက် ၃၃ နှစ်အရွယ် လူချာဆိုတဲ့ ဆင်မကြီး အစာမစားဘဲ နေတာကို ဆင်ထိန်းက သတိထားမိလို့ ပါးစပ်ကို စစ်ဆေးတဲ့အခါမှာ သွားပိုးစားနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာ လန်ဒန်မြို့ခံ သွားဆရာဝန် ဒေါက်တာ ပီတာ ကာတက်စ်က ဆင်မကြီးကို သွားနုတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
သွားနုတ်ပြီးတော့မှပဲ ဆင်လည်း အစာပြန်စားပြီး ကိုယ်အလေးချိန် ပြန်တက်လာတယ်လို့ ဆိုပါတယ်။
တိရစ္ဆာန်ရုံထဲမှာ အာရှ ဆင် ၁၀ ကောင် မွေးထားပါတယ်၊ အာရှဆင်တွေဟာ မျိုးတုံး ပျောက်ကွယ်ခါနီး ဆင်မျိုးစိတ်တွေမှာ ပါဝင်တယ်လို့ သတ်မှတ်ထားပါတယ်။