A d v e r t i s e m e n t With Us

ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ပြီး မီးပိုမိုဖြန့်ဖြူးပေးမည်

လျှပ်စစ်ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ အတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုးချဲ့တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ ခွဲရုံတွေကို တိုးချဲ့တည်ဆောက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ ဓာတ်အားပျောက်ဆုံးမှုကို လျော့နည်းစေပြီး ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ဖို့ တည်ငြိမ်တဲ့  ဗို့အားနဲ့ ဓာတ်အား ဖြန့်ဖြူးပေးဖို့ စီမံတာတွေကို အဓိကလုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းမှာ  လက်ရှိကြုံတွေ့နေရတဲ့ လှော်ကားဓာတ်အားပေးစက်ရုံမှာ ပုံမှန် ဓာတ်အားပေးနိုင်ပေးနိုင်တဲ့အောက် ထုတ်လုပ်မှုကျဆင်းနေတယ်။ ရွာမပင်ဓာတ်အားခွဲရုံမှာလည်း စက်အခက်အခဲကြောင့် ရန်ကုန်စက်မှုဇုန်ကို ၅ မဂ္ဂါဝပ် နေ့စဉ်ဝန်အား လျှော့ချနေရတဲ့ အနေအထား ရှိတယ်။ ဒါ့ကြောင့် အမြန်ဆုံး ပြင်ဆင်ဖြည့်တင်းနေပြီး ရန်ကုန်တိုင်း ဒေသကြီး ခရိုင်လေးခရိုင်အတွင်းမှာ ၁၁-၆ ဒသမ ၆ နှင့် ၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ဖြန့်ဖြူးရေးထရန်စဖော်မာအလုံး ၁၅၀ နဲ့ ဆက်စပ်ဓာတ်အားလိုင်းတွေ တည်ဆောက်တာကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ လျှပ်စစ်ဌာနသတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up