A d v e r t i s e m e n t With Us

ကုမ္ပဏီထုတ်ဆေးများဖြင့် ဆေထိုးကွပ်မျက်မှုများ မလုပ်ရန် ဖိုင်ဇာကုမ္ပဏီကြီးတောင်းဆို

အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံး ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဖိုင်ဇာ Pfizer ဆေးကုမ္ပဏီက ကုမ္ပဏီထုတ်ဆေးတွေနဲ့ သေဒဏ်ပေးဆေးထိုးကွပ်မျက်တာ တွေမလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဖိုင်ဇာကုမ္ပဏီထုတ်ဆေးတွေဟာ လူနာတွေရဲ အသက်ကို ကယ်တင်ဖို့ ထုတ်လုပ်တာဖြစ်ပြီး ကုမ္ပဏီထုတ်ဆေးတွေနဲ့ သေဒဏ်ပေး ကွပ်မျက်မှုတွေကို အပြင်းအထန်ကန့်ကွက်တယ်လို့ ဖိုင်ဇာကုမ္ပဏီက ပြောဆိုပါတယ်။ အမေရိကန်အကျဉ်းထောင်တွေအတွင်း သေဒဏ်ပေးကွပ်မျက်မှုတွေမှာ အခုနောက်ပိုင်း ဆေးထိုးကွပ်မျက်တဲ့နည်းဟာ အသုံးအများဆုံးဖြစ်လာခဲ့ပြီး ဆေးတွေကိုလည်း ဖိုင်ဇာကုမ္ပဏီတခုတည်းကနေ ရရှိနေတဲ့အတွက်က နောက်ပိုင်းဆေးရရှိရေး အတော်အခက်အခဲဖြစ်လာတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ နိုင်ငံတကာက ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး အခု ၂၀ ကျော်က အရင်ကန့်ကွက်ခဲ့ကြပြီး အခုနောက်ဆုံး ဖိုင်ဇာကုမ္ပဏီကလည်း လိုက်ပြီးကန့်ကွက်ခဲ့တာပါ။ ဖိုင်ဇာဆေးဝါးကုမ္ပဏီဟာ ကုမ္ပဏီထုတ်ဆေးဝါးတွေကို နေ့စဉ်နဲ့အမျှ အားကိုးနေရတဲ့ ဆရာဝန်တွေ၊ လူနာတွေအတွက်ပဲ ထုတ်လုပ်တာဖြစ်ပြီး လူတွေရဲ့ အသက်ကို ကယ်တင်ရေးအတွက်ပဲ ထုတ်လုပ်တယ်လို့ ကုမ္ပဏီကပြောဆိုပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ သေဒဏ်ကျခံရသူတွေကို ဆေးထိုးသွင်း ကွပ်မျက်မှုတွေကို ဆန့်ကျင်ကန့်ကွက်နေတာ ကြာပြီဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up