A d v e r t i s e m e n t With Us

သမ္မတ ဦးထင်ကျော် အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲတက်ရန် ရုရှားသွားမည်

ပြီးခဲ့သည့် မေ ၆ ရက်နေ့က သမ္မတဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည် လာအိုနိုင်ငံ ထွက်ခွာစဉ်က (ဓာတ်ပုံ - ကျော်ဇေယျာဝင်း)
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲတက်ရောက်ဖို့ မကြာမီ ရုရှားနိုင်ငံကို သွားရောက်မယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။ ဦးထင်ကျော်ဟာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့မှာ ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမယ့် အာဆီယံ- ရုရှား ဆက်ဆံရေး နှစ် ၂၀ ပြည့် ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သွားရောက်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဦးထင်ကျေ် သမ္မတဖြစ်ပြီး ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီး အဲ့ဒီခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up