လွတ်မြောက် ငှက်ကုလားအုပ်ကြီး တရုတ်မြို့တွင်း လမ်များလျှောက်ပြေး (ရုပ်သံ
တရုတ်နိုင်ငံ တောင်ပိုင်း ဖိုရှန်းမြို့မှာ လွတ်ထွက်လာတဲ့ ငှက်ကုလားအုတ် တကောင်က မြို့တွင်းလမ်းတွေပေါ် လျှောက်ပြေးနေလို့ ကားမောင်းသူတွေ အခက်တွေ့ခဲ့ပါတယ်။
ဒီအကြောင်းကို မေ ၁၁ ရက်နေ့မှာ လမ်းသွားသူတွေက ဒေသခံရဲကို အကြောင်းကြားခဲ့တာပါ။
အစိုးရရုပ်သံ စီစီတီဗွီက ရိုက်ကူးထုတ်လွှင့်တဲ့ ရုပ်သံတွေအရ ငှက်ကုလားအုတ်ကို လူတွေက ဝိုင်းဖမ်းခဲ့တာပါ။
ကွမ်တုံပြည်နယ်ထဲက မြို့တွင်းမှာလည်း ငှက်ကုလားအုတ် ၂ ကောင် လမ်းပေါ် လျှောက်ပြေးခဲ့ပြီး နောက်ဆုံးမှာ ၂ ကောင်လုံး သေဆုံးတယ်လို့ ဒေသခံ သတင်းစာက အစီရင်ခံ ပါတယ်။
အဲဒီ ငှက်ကုလားအုတ်တွေကို တခြားငှက်ကုလားအုတ် ၇ ကောင်နဲ့အတူ ဒေသတွင်း ဈေးထဲကနေ ဒေသခံတယောက်က ဝယ်ယူ မွေးမြူ ထားတာ ဖြစ်ပါတယ်။