အစ္စလာမ္မစ်နိုင်ငံတော်နှင့် ဘိုကိုဟာရမ် ချိတ်ဆက်ဟု ကုလ သတိပေး

နိုင်ဂျီးရီးယားနိုင်ငံက ဘိုကိုဟာရမ်နဲ့ အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ်တို့ ချိတ်ဆက်မှုကို သတိထားရမယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြောပါတယ်။ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ၂၀၁၅ ခုနှစ်က အိုင်အက်စ်နဲ့ မဟာမိတ်အဖြစ် တောင်းခံထားတဲ့ ဘိုကိုဟာရမ်က အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်း တည်ငြိမ် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီက ဘိုကိုဟာရမ်နဲ့ အိုင်အက်စ်ချိတ်ဆက်မှုကို သတိထားဖို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမားတွေက လစ်ဗျားမှာရှိတဲ့ အိုင်အက်စ်တွေနဲ့ ပူးပေါင်းနေတယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတဦးက ပြောဆိုထားပါတယ်။ မေ ၁၄ ရက်မှာတော့ ဘိုကိုဟာရမ်ကို တိုက်ထုတ်ဖို့ နိုင်ဂျီးရီးယားမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား စစ်တပ်က ဘိုကိုဟာရမ်တွေရဲ့ ပိုင်နက်တွေကို သိမ်းယူအပြီးမှာ ဘိုကိုဟာရမ်က အရပ်သားတွေကို ပိုမို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ အိုင်အက်စ်ကတော့ ၇ နှစ်အတွင်း လူ ၂ သောင်းလောက်ကို သတ်ဖြတ်ခဲ့ပြီး လူ ၂ သန်းလောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up