A d v e r t i s e m e n t With Us

ဂျွန်ကယ်ရီ ရှေ့အပတ်ထဲ မြန်မာနိုင်ငံလာမည်

မြန်မာအရပ်သားအစိုးရကို ထောက်ခံအားပေးကြောင်း ပြသတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ မေ ၂၂ ရက်နေ့ မြန်မာနေ့ လာမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရုံးက မေ ၁၃ ရက်နေ့က သတင်းထုတ်ပါတယ်။ မြန်မာအစိုးရ ရှေ့ဆက်လုပ်ဆောင်ရမယ့် နိုင်ငံရေး ၊စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ အမေရိကန်က ဆက်လက်ထောက်ခံမှာဖြစ်ပြီး သူ့ခရီးစဉ်အတွင်း နေပြည်တော်မှာ အရေးကြီးတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမ္မတသက်တမ်းအတွင်း အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေး မူဝါဒ အောင်မြင်ကြောင်း မြန်မာကိုပမာပြုလို့ နှစ်ခါမက ဂုဏ်ယူထုတ်ဖော်ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up