လှံဖြင့် မောင်းသူမဲ့လေယာဉ်ကို ပစ်ချ (ရုပ်သံ)
ရုရှားနိုင်ငံမှာ ရှေးရိုး ၀တ်စုံတွေ ၀တ်ဆင်ကျင်းပတဲ့ အလယ်ခေတ် ပွဲတော်မှာ ပါဝင်ဆင်နွှဲသူ တဦးက ဒီဖြစ်ရပ်ကို ဝေဟင်ပေါ်ကနေ မှတ်တမ်းတင်နေတဲ့ မောင်းသူမဲ့လေယာဉ်ကို လှံနဲ့ပစ်ချခဲ့ပါတယ်။
ရုရှား လစ်ပက်စ်စကေး ဒေသမှာ ကျင်းပတဲ့ပွဲမှာ ရှေးရိုးရာ စစ်သား ၀တ်စုံကို ၀တ်ဆင်ထားသူက အပေါ် ၃ မီတာ အကွာမှာ ၀ဲနေတဲ့ လေယာဉ်ကို ပစ်ချလိုက်တာ ဖြစ်ပါတယ်။
၃ ရက်ကြာ မေ ၁၀ ရက်နေ့ကစတင်ကျင်းပတဲ့ ရာစ်ဘော့ ပွဲတော်မှာ ပါဝင်ဆင်နွှဲသူတွေက တံတားတိုက်ပွဲလို့ အမည်ရတဲ့ တိုက်ပွဲပုံစံငယ်ကို ဖန်တီး နေကြတာဖြစ်ပါတယ်။
ပစ်ချတာကို ရိုက်ကူးထားတဲ့ ရုပ်သံဟာ အင်တာနက်မှာပျံ့နှံ့သွားပြီး တခြားသူပစ္စည်းကို ဖျက်ဆီးတဲ့ စစ်သားရဲ့ အပြုအမှုကို ဝေဖန်ကြပေမယ့် တချိုကလည်း လေယာဉ်ရဲ့ အသံက လူတွေကို စိတ်အနှောင့်အယှက်ဖြစ်ကာ စိတ်ဆိုးဒေါသထွက်စေတယ်လို့လည်း လူမှုရေးမီဒီယာ အသုံးပြုသူတွေက ပြောဆိုနေပါတယ်။
၂၀၀၅ ခုနှစ်ကနေစပြီး နှစ်စဉ်ကျင်းပတဲ့ ပွဲတော်ကို ရုရှားဒေသ ၃၀နဲ့ နိုင်ငံရပ်ခြားက လူ ၁၀၀၀ လောက်ပါဝင် တက်ရောက်ကြတာ ဖြစ်ပါတယ်။