A d v e r t i s e m e n t With Us

မြန်မာနိုင်ငံတွင် ပထမဆုံး Cable Chair စတင်ပြေးဆွဲနိုင်ပြီ

တောင်တက်တောင်ဆင်းတွေမှာ အမြင့်ကနေ ဘေးပတ်ဝန်းကျင်ရှုခင်းကို လေ့လာနိုင်မယ့် Cable Chair တွေကို ဒီနှစ်အတွင်း မြန်မာပြည်မှာ ပထမဆုံးအကြိမ်အဖြစ် တပ်ဆင်ပြေးဆွဲနိုင်ပြီလို့ ရွှေတိုင်းကျော် အထွေထွေစက်မှုလုပ်ငန်းက အင်ဂျင်နီယာမှူး ဦးကျော်ကျော်က ပြောပါတယ်။ “အခု ဦးတို့အနေနဲ့ကတော့ ရာခိုင်နှုန်း ၇၀ နဲ့ ၈၀ Ready ဖြစ်နေပြီ။ တနေရာရာ တယောက်ယောက်က တပ်ချင်တယ်ဆိုရင်လည်း အများကြီး နီးစပ်သွားပါပြီ။ အဲဒီဟာ အတွက်ကတော့ အခုမပူတော့ဘူး။ မနှစ်ကဆိုရင်တော့ ဦးက မအောင်မြင်သေးတော့ မပြောနိုင်ဘူး။” လျှပ်စစ်နဲ့ လည်ပတ်ရတဲ့ လုပ်ငန်းဖြစ်ပေမယ့် မော်တာနဲ့ အလိုအလျောက် လည်ပတ်နိုင်အောင် ပြုလုပ်ထားသလို လုံခြုံမှုအတွက် မြေပြင်နဲ့ သိပ်မဝေးတဲ့နေရာမှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ Cable Chair တွေကို ပထမဆုံးတပ်ဆင် ဖို့ ကျိုက်ထို၊ ဇွဲကပင်တောင် တောင်တက်တောင်ဆင်းတွေမှာ တပ်ဆင်ဖို့ စီမံကိန်းတွေ လည်း ပြုလုပ်နေကြပါပြီ။ “အကောင်အထည်ဖော်မှာကတော့ ကျိုက်ထိုကတော့ ၇၅ ရာခိုင်နှုန်းတော့ သေချာနေပြီ။ အရင်ပထမဦးဆုံး လုပ်ရမှာပေါ့။ မန္တလေးဝန်းကျင်ဆိုရင် လောလောဆယ် ဒီအနီးအနားမှာဆိုရင် မန္တလေးတောင် တက်လို့ရတယ်၊ စစ်ကိုင်းတက်လို့ရတယ်၊ ရေတံခွန်တောင် တက်လို့တာပေါ့။ တောင်နိမ့်နိမ့်လေးတွေပေါ့” လို့လည်း ရွှေတိုင်းကျော် အထွေထွေစက်မှုလုပ်ငန်းမှ ကိုကျော်စိုးဝင်းက ပြောပါတယ်။ ရွှေတိုင်းကျော် အထွေထွေစက်မှုလုပ်ငန်းက အင်ဂျင်နီယာမှူး ဦးကျော်ကျော်ကလည်း  “လုံခြုံရေးစနစ်မှာက မီးပျက်လျှင်ပျက်ချင်း ၅ စက္ကန့် သို့မဟုတ် ၁၀ စက္ကန့်၊ Automatic မီးစက်ကနေပြီးတော့၊ အစားထိုးပြီး စွမ်းအင် တခါတည်းလုပ်ဖို့ အခုခေတ်က မခဲယဉ်းတော့ဘူး။ သူ့ရဲ့အသက်က လုံခြုံရေးစနစ်တွေပေါ့။ အဲ့တော့ ကြိုးချော်ကျလျှင်ကျချင်း ရပ်ရမယ်။ အဲတော့ တခုခုဖြစ်ရင် Safety ဖြစ်အောင် နိမ့်နိမ့်လေးတွေ ဆင်နိုင်ရင် အကောင်းဆုံး။ တောင်ကြောတလျှောက် တိုင်တွေအများကြီးနဲ့ ၀န်းရံတိုင်များလိုပေါ့။ ဦးကတော့ အမြင့်ကြီးဆင်ဖို့ ဘယ်နေရာမှ စိတ်မကူးဘူး။ ဘယ်လောက်ပေးပေး မဆင်ဘူး” လို့ ဆက်ပြောပါတယ်။ လျှပ်စစ်မော်တာအသုံးပြု Cable Chair, Cable Car တွေဟာ သဘာဝပတ်ဝန်း ကျင် ဆိုးကျိုးထိရောက်မှု နည်းတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၅ နိုင်ငံ သာ လျှပ်စစ်မော်တာသုံး Cable Car တွေကို ဆယ်စုနှစ်ကျော် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up