A d v e r t i s e m e n t With Us

အထွေအထွေ အတွင်းရေးမှူးအဖြစ် အမျိုးသမီးတဦးကို ပထမဆုံးအကြိမ် ဖီဖာ ခန့်အပ်

ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် အမျိုးသမီးတဦးကို ပထမဆုံး အကြိမ် အဖြစ် ခန့်အပ်လိုက်ပါတယ်။ အကျင့်ပျက်ခြစားမှုကြောင့် ဘောလုံးလောကကနေ ၁၂ နှစ်ကြာ ပိတ်ပင်ထားတဲ့ ဂျရတ်မီး ဗာကလက်ရဲ့နေရာအတွက် ဆီနီဂေါက ဖတ်မာဆမ်ဘာဒီအော့ဖ်ဆာမူရာကို မေ ၁၃ ရက်က ခန့်အပ်လိုက်တာဖြစ်ပါတယ်။ အသက် ၅၄ နှစ် ဆာမူရာဟာ ကုလသမဂ္ဂမှာ ၂၁ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး လာမယ့်ဇွန်လ ဖီဖာမှာ စတင်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ဂျီးရီးယားမှာ တာဝန်ထမ်းဆောင်နေပြီး ဘာသာစကား ၄ မျိုးလောက်ကိုလည်း ပြောဆိုနိုင်ပါတယ်။ ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုကတော့ ဆာမူရာရဲ့ အရည်အချင်းတွေကို ချီးကျူး ပြောဆိုလိုက်ပါတယ်။ မက္ကဆီကို ဖီဖာကွန်ကရက်မှာ ဆာမူရာကို ခန့်အပ်တာကို ကြေညာခဲ့တာ  ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up