တပ်မတော်သတင်းစာရှင်းပွဲ နေပြည်တော်တွင် ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
May 13, 2016
တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဘုရင့်နောင်ရိပ်သာမှာ ကျင်းပနေပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို သတင်းမီဒီယာကောင်စီနဲ့အတူ ပြည်တွင်းသတင်းစာ၊ ဂျာနယ်နဲ့ ရုပ်သံဌာနတွေက သတင်းထောက်တွေကို ဖိတ်ကြားထားပြီး သတင်းဌာန တခုကို မေးခွန်း ၂ ခုနှုန်းနဲ့ ကြိုတင်မေးခွန်းပေးပို့ မေးမြန်းခွင့်ပြုထားတာဖြစ်ပါတယ်။