A d v e r t i s e m e n t With Us

အိန္ဒိယရောက် မြန်မာရေလုပ်သား ၂၅၀ ခန့်ကို လေယာဉ်ဖြင့် ပြန်ခေါ်မည်

၂၀၁၅ ခု နိုဝင်ဘာ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့မှ ပြန်လည်ရောက်ရှိတဲ့ မြန်မာရေလုပ်သား ၁၅၈ ဦး
အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရောက် မြန်မာရေလုပ်သား ၂၅၀ လောက်ကို  စင်းလုံးငှား လေယာဉ်နဲ့ နှစ်သုတ်ခွဲပြီး  မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူဖို့ရှိနေတယ်လို့  မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံသားစိစစ်ပြီးတဲ့  ဧရာဝတီတိုင်းမှ ရေလုပ်သား ၂၃၃ဦးနဲ့  ရခိုင်ပြည်နယ်မှ ၁၄ ဦး၊ ရန်ကုန်တိုင်းမှ ၂ ဦးစုစုပါင်း မြန်မာရေလုပ်သား ၂၄၉ ဦးတို့ကို  မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ဖို့အတွက်  နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ ကျန်းမာရေး၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ မြန်မာရေလုပ်သားတွေကို  ခုမေလကုန်ပိုင်းမှာ တစ်ကြိမ်၊ ဇွန်လဆန်းပိုင်းမှာ တစ်ကြိမ် ပို့ဘလဲယားသို့ MAI လေကြောင်းလိုင်း လေယာဉ်နဲ့  သွားရောက်ခေါ်ယူမှာဖြစ်ပြီး  ပြန်လည်ရောက်ရှိလာမယ့်  မြန်မာနိုင်ငံသားတွေကို  သက်ဆိုင်ရာက လေဆိပ်ကနေ နေရပ်အသီးသီးကို ဆက်လက်ပို့ဆောင်သွားဖို့ အစီအစဉ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ဇူလိုင်လနဲ့ ၂၀၁၅ ဇန်န၀ါရီလတွေတုန်းကလည်း အိန္ဒိယ ရေပိုင်နက်ထဲကို ၀င်ရောက် ငါးဖမ်းမှုနဲ့ ကပ္ပလီကျွန်း ပို့ဘလဲယားမြို့အကျဉ်းထောင်မှ နှစ်ရှည်ထိန်းသိမ်းခံခဲ့ရတဲ့ ရာနဲ့ချီတဲ့  မြန်မာနိုင်ငံသား ရေလုပ်သားတွေကို စင်းလုံးငှားလေယာဉ်နဲ့ အစိုးရက ပြန်လည်ခေါ်ယူခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up