အမျိုးသားအဆင့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဖို့ အစီအစဉ်မရှိသေးဘူးလို့ သမ္မတရဲ့နိုင်ငံရေးအကြံပေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
[caption id="attachment_14956" align="alignright" width="310" caption="ဒေါက်တာနေဇင်လတ်"]

[/caption]
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်တွင်းပြည်ပက နိုင်ငံရေး လှုပ်ရှားနေသူတွေကိုပါဖိတ်ခေါ်ပြီး အစိုးရသစ်က နေပြည်တော်မှာ နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်နေတယ်ဆိုတဲ့ ပြည်ပမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို နိုင်ငံရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က ပြောကြားလိုက်တာပါ။
“အမျိုးသားအဆင့် ဆွေးနွေးပွဲကိုတော့ ကျနော်တို့က မှတ်ချက်ပေးလို့ မရဘူးဗျ။ ဥပမာ၊ လူတစု သူ့ဟာသူ သီးသီးသန့်သန့် ညှိနှိုင်းကြတာတော့ ရှိကောင်းလည်း ရှိမှာပေါ့။ အမျိုးသားအဆင့်သွားမယ့် ဆွေးနွေးပွဲတခုကို ရှေ့လလုပ်ပါမယ်လို့ ကျနော်တို့ ဘယ်လို သွားသိနိုင်မှာလဲ။ ကျနော်တို့က လူကြီးရှေ့ရောက်တဲ့ပုံစံ ဖြစ်နေတာပေါ့။ ကျနော်တို့က အကြံပေးသက်သက်ပဲ။ အကြံဥာဏ်တော့ ပေးတာပေါ့။ အစီအစဉ်တကျကတော့ ဘယ်ဟာပြီးရင် ဘာလုပ်မယ်ဆိုတာတော့ ကျန်တာတော့ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ကြီးက ဆုံးဖြတ် မယ့်ကိစ္စရပ်ကို။ ကျနော်တို့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ။”
မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပုံကို ဒေါက်တာနေဇင်လတ်က ရှင်းပြပါတယ်။
“အခုလောလောဆယ်တော့ စီးပွားရေးတို့၊ ကျန်းမာရေးတို့၊ ပညာရေးတို့ပေါ့၊ ဒါတွေ လည်းဆက်လုပ်သွားမယ်။ ဆက်တိုက်တော့ ရှိနေမှာပေါ့၊ ကျနော်က အဲဒီလိုဖြေလိုက် တယ်၊ နိုင်ငံရေးဆွေးနွေးပွဲအကြောင်းကိုတော့ မကြားမိသေးပါဘူး၊ မသိသေးပါဘူးလို့ ဖြေ လိုက်ပေမယ့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်တော့မယ်၊ in the near future ရေးတဲ့အခါ ကျတော့ ဆန့်ကျင်ဘက်ကြီးဖြစ်နေတာပေါ့။ ”
သတင်းဖော်ပြခဲ့တဲ့ ပြည်တွင်းပြည်ပမီဒီယာတွေကိုလည်း ဒေါက်တာနေဇင်လတ် က မေတ္တာရပ်ခံပြောကြားပါတယ်။
“ကျနော်တို့ အခုလို အကူးအပြောင်းကာလမှာ တော်တော်လေးကို သတိထားပြီး ပြောကြဆိုကြ၊ သတင်းတွေ ပေးကြယူကြရင် ကောင်းတာပေါ့၊ သတင်းပေါ်ပြူလာဖြစ်သွား အောင်လို့ ချဲ့ကားလိုက်တဲ့အခါမျိုးကျတော့ ကျနော်တို့ဘက်က သတင်းပေးရတဲ့အခါမှာ နည်းနည်းလေး ခက်ခဲသွားတယ်။ တဘက်ကလည်း အဲဒါလေးကို အပေးအယူလေးနဲ့ မျှမျှ တတ လုပ်ကြမယ်ဆိုရင်တော့ ပိုကောင်းမယ်ပေါ့။ ကျနော်တို့ ကျင့်ဝတ်တွေ ရှိကြပါတယ်။ ကျင့်ဝတ်တိုင်းသာ လိုက်နာနိုင်မယ်ဆိုရင်တော့ ကျနော်တို့ အရှည်သဖြင့် ပိုကောင်းတာ ပေါ့။ ”