ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

4.1K
မေလ ၁၄ ရက်နေ့လောက်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ် အားကောင်းလာမယ့် အခြေအနေရှိနေတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မုန်တိုင်းခန့်မှန်းရေးဗဟိုဌာနတွေရဲ့ မုန်တိုင်းရွေ့လျားနိုင်တဲ့ လမ်းကြောင်းအမျိုးမျိုး ခန့်မှန်းချက် တွေ အားလုံးကို ခြုံငုံထားတဲ့ လမ်းကြောင်းခန့်မှန်းချက် (ensemble track forecast) ကတော့ အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကို ထိပြီး မေလ(၂၁)ရက်နေ့လောက်မှာ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ သြရိဿ ကမ်းခြေအနီး) မှာ အားလျော့သွားနိုင်တဲ့ အခြေအနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်မုန်တိုင်းခန့်မှန်းချက်တွေဟာ တသမတ်တည်းမရှိဘဲ အစဦးအခြေအနေကို လိုက်ပြီး နေ့စဉ် ပြောင်းလဲနေတဲ့အကြောင်းနဲ့ မုန်တိုင်းအခြေအနေကို ၂၄ နာရီ စောင့်ကြည့်ပြီး အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးမယ်လို့လည်း မိုးဇလထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းကြောင့် မေလ ၁၅ ရက်နေ့မှ ၂၁ ရက် အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ မုတ်သုံလေ၀င်ရောက်နိုင်တယ်လို့ မိုးလေသဌာနက ခန့်မှန်းပါတယ်။
ဒီလကုန်အထိ မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းနိုင်ပြီး တပြည်လုံးမှာ ရွာသွန်းမြဲ မိုးရေချိန်တို့ ထက် ပိုနိုင်တဲ့အကြောင်း တပြည်လုံးမှာ နေ့အပူချိန်များ လျော့ကျသွားနိုင်ပေမယ့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသများမှာတော့ ပုံမှန်ထက် အနည်းငယ် ပကိုနိုင်တယ်လို့ဆိုပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းတွေ အပါအ၀င် ရာသီဥတုနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းများအနေနဲ့ မုတ်သုန်ဝင်ရောက်မယ့်အချိန်ကို သတိပြုလုပ်ဆောင်ကြဖို့ မိုးလေ၀သဌာနက အသိပေး နှိုးဆော်ထားပါတယ်။