အမေရိကန်တွင် လေယာဉ်ငယ်တစီး ၀ိုင်ခြံထဲ ထိုးကျ
DVB
·
May 13, 2016
လေထီးခုန်သမား ၁၇ ဦးကို သယ်ဆောင်လာတဲ့ လေယာဉ်ငယ်လေးက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ၀ိုင်ခြံထဲမှာ ထိုးကျသွားပါတယ်။
မေ ၁၂ ရက် လော်ဒီမြို့မြောက်ဘက် ၀ိုင်ခြံထဲမှာ ထိုးကျခဲ့တာဖြစ်ပြီး ပါလာတဲ့သူတွေကတော့ ထိခိုက်ပွန်းရှတာကလွဲပြီး ကြီးမားတဲ့ ဒဏ်ရာ မရခဲ့ဘူးလို့ ဆိုပါတယ်။
လေယာဉ်မှူးက လေယာဉ်ကို လေယာဉ်ကွင်းဆီ ပြန်လည့်ဖို့ ကြိုးစားခဲ့ရာမှာ လေယာဉ်ကွင်းနဲ့ တမိုင်လောက်သာဝေးတဲ့ ၀ိုင်ခြံထဲကို ထိုးကျသွားတာ ဖြစ်ပါတယ်။
လေယာဉ်တိမ်းမှောက်တဲ့ ပုံစံကြောင့် အဆိုးဆုံးကို မျှော်လင့်နေပေမယ့် ဒီနေရာကို ရောက်သွားရာမှာတော့ အားလုံးက လေယာဉ်ဘေးမှာ ထွက်ပြီး ရပ်နေတယ်လို့ အရာရှိတဦးက ပြောပါတယ်။
လေယာဉ်ကို လျှပ်စစ်ဓာတ်ကြိုးတွေအောက်ကနေ ပျံသန်းပြီး လူနေအိမ်တွေနဲ့ ပေ ၇၀ အကွာမှာ ထိုးဆင်းခဲ့တဲ့ လေယာဉ်မှူးရဲ့ အရည်အချင်းကိုလည်း ချီးကျူးပြောဆိုနေပါတယ်။
လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။