A d v e r t i s e m e n t With Us

အစိုးရက သဘာဝဘေးအန္တရာယ်ကို အရေးပေါ်တုံ့ပြန်ရန် ဦးစားပေးသတ်မှတ်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ပထမ ရက် ၁၀၀ စီမံကိန်းမှာ သဘာဝဘေးအန္တရာယ်ကို အရေးပေါ်တုံ့ပြန်နိုင်ဖို့ ဦးစားပေးဆောင်ရွက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။ ရေလွှမ်းမိုးခံရနိုင်တဲ့နေရာတွေ၊ ကျေးရွာတွေ အတွက် ရွှေ့ပြောင်းနေထိုင်နိုင်ရေးနေတွေ ကြိုတင် သတ်မှတ်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေးအပါအဝင် သယ်ယူ ပို့ဆောင်ရေးကိစ္စများကိုပါ အဆင်ပြေစေရေး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ မြေပြိုမှု၊ ဆည်ကျိုးပေါက်မှု၊ မဖြစ်ပေါ်စေရေးအတွက် ရေပိုလွှဲထွက်ပေါက် အမြန်ဆုံး ဆောင်ရွက်မှာဖြစ်ပြီး ဖြစ်ပေါ်နိုင်တဲ့အလားအလာ တွေ့ရှိပါက ဘေးသင့်နိုင်တဲ့ကျေးရွာတွေကို ကြိုတင်အသိပေးနိုင်အောင် ဆောင်ရွက်မယ်လို့ဆိုပါတယ်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ရဲ့ အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ်များအဖြစ် များ လာ ကြောင်းနဲ့ရေရှည်အတွက် စီစဉ်ဆောင်ရွက်ရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ထိုသို့ဆောင်ရွက်ရာတွင် ထိရောက်စေဖို့အတွက် အရေးပေါ် စီမံခန့်ခွဲမှု ဗဟိုဌာန (Emergency Operation Center-EOC) မှာလည်း မရှိမဖြစ်လို အပ်သဖြင့် (Emergency Operation Center-EOC)ကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာတဲ့အခါ ပြည်သူတွေကို ကူညီပေးနိုင်ဖို့ Help Line ဖွင့်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ လတ်တလောမှာ လူမှု ဝန်ထမ်း ကိစ္စရပ်တွေ၊ သဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်တာတေါကို ၀၆၇-၄၀၄၆၆၆ နဲ့ ၀၆၇-၄၀၄၇၇၇ စသည့်နံပါတ်တွေကတဆင့် ၂၄ နာရီတိုက်ရိုက် သတင်းပေးပို့ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ လူမှုကာကွယ်စောင့်ရှောက်ရေး ကနဦးစီမံချက်ကိုတော့ ဆင်းရဲနွမ်းပါးမှုအများဆုံးဖြစ်နေတဲ့ ချင်းပြည်နယ်မှာစတင် လုပ်ဆောင် သွားမယ်လို့ဆိုပါတယ်။ မနှစ်တုန်းက သဘာဝဘေး အန္တရာယ်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ကြရတဲ့ အကျိုးဆက်အဖြစ် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုတွေရှိတဲ့အတွက် ဦးစားပေးဆောင်ရွက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီရက် ၁၀၀ စီမံကိန်းအသေးစိတ်ကို ၁၄ ရက်နေ့ည ၈ နာရီသတင်းအပြီးမှာ မြန်မာ့အသံနဲ့ ရုပ်မြင့်သံကြားကနေ ထုတ်လွှင့်မှာဖြစ်သလို ၁၅ ရက်နေ့နိုင်ငံပိုင် သတင်းစာတွေမှာလည်း အပြည့်အစုံဖော်ပြမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up