A d v e r t i s e m e n t With Us

နည်းပြ မာတီနက်ဇ်ကို အဲဗာတန်ထုတ်ပယ်

ဓာတ်ပုံ - BBC
အင်္ဂလန် ပရီးမီးယားလိဂ်က အဲဗာတန် အသင်းကို ၃ နှစ်ကြာတာဝန်ယူခဲ့တဲ့ နည်းပြ ရောဘတ်တို မာတီနက်ဇ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အဲဗာတန်အသင်းဟာ ချန်ပီယံ လက်စတာကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ဆန်းဒါးလန်းကိုလည်း ၃ ဂိုး ၀နဲ့ အရေးနိမ့်ထားပါတယ်။ ဒါအပြင် အက်ဖ်အေဖလားနဲ့ လိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွေမှာလည်း ရှုံးနိမ့်ထားပါတယ်။ အသက် ၄၂ နှစ် မာတီနက်ဇ်ကို မေ ၁၂ ရက် ထုတ်ပြန်ချက်မှာ မာတီနက်ဇ်ကို ထုတ်ပယ်တာကို ကလပ်အသင်းက အတည်ပြုခဲ့ပါတယ်။ ဒါအပြင် သူရဲ့ လုပ်ဆောင်ချက်တွေကို ကလပ်အသင်းက ချီးကျူးထားပြီး လူငယ်တွေကို မြေတောင်မြှောက်ပေးရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်သူတဦးလို့ ဆိုပါတယ်။ အဲဗာတန်ရဲ့ နှစ်ပတ်လည် ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ မာတီနက်ဇ်ကို ဆန္ဒပြဖို့ စီစဉ်ထားတဲ့ ပရိသတ်တွေက အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါတယ်။ လက်ရှိမှာတော့ ကလပ်အသင်းဟာ အဲဗာတန်ကစားသမားဟောင်းနဲ့ အသက် ၂၁ နှစ်အောက် နည်းပြ ဒေးဗစ်အန်ဆော့နဲ့ ကလပ်အသင်းအတွက် ၈ နှစ်ကြာကစားပေးတဲ့ ဂျိုးရွိုင်လီတို့ကို နည်းပြတာဝန်ယာယီပေးအပ်ထားပြီး နောဝှစ်ခ်ျနဲ့ပွဲမှာ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ အဲဗာတန်ကတော့ အေဂျက်နည်းပြဟောင် ဖရန့်ဒီဘိုးဝါးကို ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up