ဝရမ်းပြေးကို အမေရိကန်ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသည့်ရုပ်သံ ထွက်ပေါ်
DVB
·
May 12, 2016
အမေရိကန်ပြည်ထောင်စု မာဆာချူးဆတ်နဲ့ နယူးဟမ်ရှိုင်းယား လမ်းပေါ်မှာ ၀ရမ်းထုတ်ထားသူတဦးရဲ့ ကားကိုရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးတဲ့ ဖြစ်ရပ်ကို ဝေဟင်ပေါ်က ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ဖြန်ချိလိုက်ပါတယ်။
မေ ၁၁ ရက်က ကားနဲ့ မောင်းပြေးတဲ့သူတွေဟာ ရစ်ချတ်ဆိုင်မွန်ဖြစ်ပြီး တိုက်ခိုက်မှု အန္တရာယ်ရှိတဲ့ လက်နက်တွေကိုင်ဆောင်မှုနဲ့ ၀ရမ်းထုတ်ခံရသူတဦးဖြစ်ပါတယ်။
ဟိုဒင် ဒေသခံရဲတပ်ဖွဲ့က ရပ်တန့်ခိုင်းတာကို ငြင်းဆန်ကာ ကားကို မောင်းနှင်ထွက်ပြေးခဲ့တာကို ရဲတပ်ဖွဲ့က နောက်ပိုင်း အင်အားသုံးဖမ်းဆီး ထိုးကြိတ်ရိုက်နှက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဆိုင်မွန်ကို ဖမ်ဆီးချုပ်နှောင်ခဲ့ပါတယ်။
၁ နာရီကို မိုင် ၁၀၀ နှုန်းထက်ကျော်လွန်မောင်းနှင်ပြီး မြို့ပေါင်းများစွာကို ဖြတ်အပြီး မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ မိုင် ၅၀ ကျော်မောင်းနှင်လာပြီးတဲ့နောက် နော်ရှုးက လူနေထူထပ်တဲ့နေရာမှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။
အင်အားသုံးရိုက်နှက်ဖမ်းဆီးမှုကိုတော့ ပြန်လည်သုံးသပ်မယ်လို့ မာဆာချူးဆတ် ပြည်နယ် ရဲတပ်ဖွဲ့ ပြောပါတယ်။