ပြန်ပေးဆွဲခံရသည့် အင်ဒိုသင်္ဘောသား ၄ ဦး ပြန်လွတ်

ဖိလစ်ပိုင်မှာ ပြန်ပေးဆွဲခံထားရတဲ့ အင်ဒိုနီးရှား သင်္ဘောသား ၄ ဦး ပြန်လွတ်လာပြီလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက မေ ၁၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ “သူတို့ ကျန်းမာရေး ကောင်းမွန်တယ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုအပြီးမှာ ခုလို လွတ်လာတာ” လို့ ဂျိုကိုဝီက မြို့တော် ဂျကာတာက သမ္မတနန်းတော် သတင်းစာရှင်းလင်းပွဲအတွင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။ အဘူဆေးယတ် စစ်သွေးကြွ ကွန်ယက်နဲ့ ချိတ်ဆက်ထားတယ်လို့ သံသယရှိတဲ့ အုပ်စုတွေက ပြန်ပေးဆွဲထား တဲ့ တခြား အင်ဒိုနီးရှားဓားစာခံ ၁၀ ယောက်ကို မေ ၁ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ၁ လကြာ အပေးအယူ ညှိုနှိုင်းမှု အတွင်း ပြန်ရွေးငွေ ပေးရမယ့်ရက်ကို ကျော်သွားလို့ ပြန်ပေးဆွဲခံ ကနေဒါနိုင်ငံသား ခေါင်းဖြတ် အသတ်ခံခဲ့ရပါတယ်။ အဘူဆေးယတ်အဖွဲ့ဟာ ဖိလစ်ပိုင်တောင်ပိုင်းမှာ အခြေစိုက်ပြီး ရက်စက် ကြမ်းကြုတ်တဲ့ စစ်သွေးကြွတွေအဖြစ် လူသိများပါတယ်။ ပြန်ပေးဆွဲလုပ်ငန်းကနေ အမေရိကန်ဒေါ်လာ သန်းဆယ်ချီ ရရှိနေတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ဒီအုပ်စုဟာ မလေးရှား သင်္ဘောသား ၄ ဦး၊ ဂျပန်၊ နယ်သာလန်၊ ကနေဒါ၊ နော်ဝေနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကိုလည်း ပြန်ပေးဆွဲထားဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up