A d v e r t i s e m e n t With Us

တိုင်း​ရင်း​သား​တို့​၏ ခြံ​မြေအသိမ်း​ခံရမှု လွှတ်​တော်၌ တင်ပြမည်

ရှမ်း​ပြည်နယ် ​တောင်ကြီး​မြို့​နယ်မှာ ပအို့​ဝ်ရွာသား​တွေရဲ့​ ခြံ​မြေဧက ၄,၅၀၀ ​ကျော် အ သိမ်း​ခံရပြီး​ ​လျော်​ကြေး​နည်း​လွန်း​လို့​ မ​ကြေနပ်တဲ့​ကိစ္စကို ​နေပြည်​တော် လွှတ်​တော်မှာ တင်ပြမယ်လို့​ သတင်း​ရရှိပါတယ်။ တောင်ကြီး​မြို့​တောင်ဘက် ၁၀ မိုင်​ကျော်ရှိ ​နောင်ကာကယ်၊​ ပုံး​စင်၊​ ထီအုန်း​စိမ်း​၊​ ပင်ငို၊​ ​အောင်း​မူး​၊​ ​ဖောင်​တော်ဆိပ်၊​ ကွန်​ချောင်း​၊​ လိုင်း​ငေါက်၊​ ​ဖောင်​တော်ချုပ် စတဲ့​ရွာ ​တွေက ​တောင်ယာ၊​ ​ပြောင်း​ခြံ၊​ သနပ်ဖက်ခြံ၊​ လယ်​မြေ​တွေကို အမှတ် ၉၀၃ စစ်​မြေပြင် အင်ဂျင်နီယာတပ်ရင်း​ နဲ့​ အမှတ် ၉၅၆ တပ်ရင်း​က ၂၀၀၅ - ၂၀၀၆ ခုနှစ်က သိမ်း​ခဲ့​ပါတယ်။ မြန်မာ့​စီး​ပွား​ရေး​ကော်ပို​ရေး​ရှင်း​နဲ့​ နိုင်ငံခြား​လုပ်ငန်း​ရှင်​တွေ အကျိုး​တူလုပ်​နေတဲ့​ ပင်း​ပက် သံမဏိစက်ရုံစီမံကိန်း​အတွက် ဒီ​မြေ​တွေကို သိမ်း​ယူခဲ့​တာဖြစ်ပြီး​ မနှစ်က နိုဝင်ဘာမှာ ​လျော်​ကြေး​ပေး​တဲ့​အခါ နည်း​လွန်း​လို့​ ရွာသား​တွေက သွား​မထုတ်ကြဘူး​လို့​ ​တောင်ကြီး​အ​ခြေစိုက် ပအို့​ဝ်အမျိုး​သား​လူငယ်အဖွဲ့​ဝင် ခွန်သက်ထွန်း​က ​ပြောပြပါတယ်။ ကာလ​ပေါက်​ဈေး​ တဧက ကျပ် ၅၀၀,၀၀၀ တန်တဲ့​ ​မြေ​တွေကို တဧက ကျပ် ၅,၀၀၀ နှုန်း​နဲ့​ သံမဏိစက်ရုံက အ​လျော်​ပေး​တဲ့​အတွက် ရွာသား​တွေ နစ်နာတယ်လို့​ ဆိုပါ တယ်။ “​လျော်​ကြေး​ပေး​တဲ့​အချိန်မှာ တဧက ၅,၀၀၀ ဆို​တော့​ အံ့​ဩကြတာ​ပေါ့​။ အရင် ခြံလုပ်တုန်း​ကဆိုရင် မိသား​စု​တော့​ စား​လောက်တာ​ပေါ့​။ သနပ်ဖက်ခြံတခြံ လုပ်ထား​ တယ်ဆိုရင် မိသား​စု စား​ဝတ်​နေ​ရေး​ ​ပြေလည်တယ်။ ခြံလုပ်ဖို့​ မကျန်​တော့​တဲ့​လူလည်း​ မကျန်​တော့​ဘူး။ ကျန်​နေတဲ့​ခြံ​တွေကိုပဲ အား​ကိုး​ပြီး​လုပ်ကိုင်​နေရတယ်။” ဒေသခံ​တွေ ​မြေသိမ်း​ခံရတဲ့​ကိစ္စကို စက်ရုံမှူး​တွေဆီ စာ​ရေး​ပြီး​ အကူအညီ​တောင်း​​ပေမယ့်​ အ​ကြောင်း​မပြန်ဘူး​လို့​ ​ပြောပါတယ်။ “အရင်စက်ရုံမှူး​ကို စာပို့​ဖူး​ပါတယ်။ ဘာမှအ​ကြောင်း​မပြန်ဘူး​။ အခု ဒုတိယ စက်ရုံ မှူး​ကိုလည်း​ ထပ်တင်ထား​ပါတယ်။ အဓိက ကျ​နော်တို့​ ဒီ​လျော်​ကြေး​ကို မျှတ​အောင် လိုချင် တယ်။” ဒီပြသနာကို ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီ (ကျား​ဖြူပါတီ) က ​နေပြည် ​တော်မှာ ကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ တင်ပြမယ်လို့​ ပါတီ​ပြောခွင့်​ရပုဂ္ဂိုလ် ဦး​စောသန်း​မြင့်​က ​ပြောပါတယ်။ “လတ်တ​လော ဖြစ်​နေတဲ့​ ကိစ္စရပ်အား​လုံး​ကို သက်ဆိုင်ရာ ပြည်နယ်(သို့​မဟုတ်) တိုင်း​ဒေသ ဝန်ကြီး​ချုပ်နဲ့​ ဆက်သွယ်ပြီး​တော့​ ညှိနှိုင်း​လို့​ရတယ်။ ပြီး​ခဲ့​တဲ့​ နှစ်​ပေါင်း​များ​စွာ ကိစ္စကျ​တော့​ ပြန်ပြီး​တော့​ လွှတ်​တော်နဲ့​ တင်ပြမှရမယ်။”

A d v e r t i s e m e n t With Us

More News
Up