လီဗာပူး ၁ – ၁ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)
Published By
DVB | 12 May, 2016
1.7K
0
Share
0
Comment
0
Likes
မေလ ၁၁ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲကျန်ပွဲစဉ် လီဗာပူးနဲ့ ချဲလ်ဆီးတို့ပွဲမှာ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။
လီဗာပူးအသင်းဟာ ရာသီကုန်မှာ ထိပ်ဆုံး ၆ သင်းဝင်ရေး မျှော်လင့်ချက်နဲ့ ကြိုးစားကစားခဲ့ပြီး အပိုင်ကန်သွင်းခွင့်တချို့ကို ချဲလ်ဆီးနောက်တန်းနဲ့ ဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့အတွက် လိုအပ်တဲ့ အနိုင်ဂိုး မရဘဲ ဖြစ်ခဲ့တာပါ။
ဒါပေမယ့် အဖွင့်ဂိုးကိုတော့ ချဲလ်ဆီးအသင်းက ရရှိခဲ့တာဖြစ်ပြီး ကွင်းလယ်လူ အီဒင်ဟာဇက်က တကိုယ်တော်အစွမ်းပြပြီး ထိုးဖောက် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဟာဇက်ဟာ ဒီနေ့ပွဲစဉ်မှာ တကွင်းလုံးအနှံ့ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သလို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
လီဗာပူးအတွက် ချေပဂိုးကိုတော့ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာမှ လူစားဝင် တိုက်စစ်မှူး ဘန်တီကီက သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲစဉ်အပြီးမှာတော့ လီဗာပူးအသင်းက ရမှတ် ၅၉ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပြီး ချဲလ်ဆီးက ၄၉ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။