A d v e r t i s e m e n t With Us

မော်ရင်ဟိုကို နည်းပြချုပ်အဖြစ် အင်ဒိုနီးရှားခန့်အပ်လို

ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို  အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်းရဲ့နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ အလိုရှိနေတယ်လို့ အင်ဒိုနီးရှားအားကစားဝန်ကြီးက နိုင်ငံပိုင် အန်တာရာသတင်းအေဂျင်စီကို ပြောပါတယ်။ မော်ရင်ဟိုကို တနှစ် စတာလင်ပေါင် ၁၃ သန်းလောက်နဲ့ ခေါ်ယူခန့်ထားဖို့  အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အင်ဒိုနီးရှားအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အဲရစ်ဟိုဟိုင်ယာတို့ ဆွေးနွေးနေတဲ့အကြောင်း ဒါပေမယ့်  သိပ်တော့ လွယ်မယ်မထင်ဘူးလို့  အင်ဒိုအားကစားဝန်ကြီး အီမမ်နာရာဝီက ပြောပါတယ်။ မော်ရင်ဟိုဟာ အင်ဒိုနီးရှားဘောလုံးသမားတွေကို ယှဉ်ပြိုင်အနိုင်ရလိုစိတ်နှိုးဆွပေးနိုင်လိမ့်မယ်၊ မော်ရင်ဟိုရောက်လာတာဟာ အနည်းဆုံး အင်ဒိုနီးရှား ဘောလုံးပရိသတ်တွေအကြား စိတ်အား ထက်သန်မှုတွေ တိုးပွားလာစေမှာဖြစ်တယ်၊ အင်ဒိုနီးရှား လက်ရွေးစင် အသင်းနည်းပြချုပ်ဟာ နိုင်ငံခြား သားဖြစ်ရမှာဖြစ်ပြီး အင်ဒိုနီးရှား နည်းပြတွေက သူ့အကူအညီယူပြီး လိုက်ပါဆောင်ရွက်ရမယ်လို့လည်း အားကစားဝန်ကြီးက ပြောပါတယ်။ လက်ရှိ ဖီဖာသတ်မှတ်ချက် ကမ္ဘာ့အဆင့် ၁၈၅ မှာ ရပ်တည်နေတဲ့ အင်ဒိုနီးရှားဘောလုံးအသင်းဟာ အစိုးရရဲ့ဝင်ရောက်စွက်ဖက်မှုတွေကြောင့် နိုင်ငံတကာပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မနှစ်ကတည်းက ပိတ်ပင်တားမြစ်ခံထားရတာပါ။ အသက် ၅၃ နှစ်အရွယ် ပေါ်တူဂီနိုင်ငံသား မော်ရင်ဟိုကတော့  ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက  ချယ်ဆီး အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် မန်ယူနဲ့ ချိတ်ဆက်နေတယ်လို့ အချိန်အတန်ကြာကတည်းက သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့် လက်ရှိ အချိန်အထိ အသင်းလက်လွတ်ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up