မူးယစ်ဂိုဏ်းခေါင်းဆောင် ဂတ်ဇ်မန်ကို အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးရန် ခွင့်ပြု

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စုက အလိုရှိနေတဲ့ မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင် ဂတ်ဇ်မန် (Guzman) ကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းနိုင်ပြီလို့ မက္ကဆီကိုနိုင်ငံ ဗဟိုအစိုးရတရားသူကြီးက မေ ၉ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် မူးယစ်ဂိုဏ်းခေါင်းဆောင် ဂတ်ဇ်မန်ကို အမေရိကန်ပြည်ထောင်စု လွှဲပြောင်းပေးနိုင်ရေး ရက်ပေါင်း ၃၀ အတွင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဂတ်ဇ်မန်ရဲ့ ရှေ့နေတွေကတော့ တရားသူကြီး ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ထားကြပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကပဲ ဂတ်ဇ်မန်ကို အမေရိကန်နိုင်ငံနဲ့ နယ်စပ်နားက အကျဉ်းထောင်ကို ပြောင်းရွှေ့ထားခဲ့ပြီး အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးဖို့ ကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ ပြောဆိုပါတယ်။ သူ့ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်ဟောင်းမှာ လုံခြုံရေးအဆင့်မြှင့်တင်မှုတွေ လုပ်နေလို့ တခြားအကျဉ်းသားတွေနဲ့အတူ ထောင်ပြောင်းရွှေ့ခဲ့တာလို့ မက္ကဆီကို ထောင်အာဏာပို်င်တွေက ပြောဆိုပါတယ်။ ဂတ်ဇ်မန်ဟာ နာမည်ကျော် မက္ကဆီကို မူးယစ်ဂိုဏ်းတဂိုဏ်းဖြစ်တဲ့ ဆီနာလိုအာ (Sinaloa) မူးယစ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး အခုနှစ် ဇန်န၀ါရီလက ထောင်က ထွက်ပြေးလွတ်မြောက်သွားပြီး ၆ လကြာမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up