Home
မြန်မာသတင်း
ရခိုင်ပြည်အတွင်း စစ်ပွဲများရပ်တန့်ရေး တောင်ကုတ်တွင် ဆန္ဒပြ
DVB
·
May 11, 2016
13227394_273857499620375_2130847919842029533_o
13220602_273857462953712_6604553541852876348_o
13173196_273857429620382_4913944491881629565_o
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ဒီကနေ့ မနက် ၈ နာရီက ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေ ရပ်တန်ပေးဖို့နဲ့ စစ်ပြေးရှောင်ဒုက္ခသည်တွေကို နေရပ်ဒေသတွေမှာ ပြန်လည်နေရာချထားပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတောင်းဆိုရာမှာ ဦးဆောင်သူ ကိုဝင်းဇော်က “လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ရခိုင်ပြည်သူတွေ လူသားချင်းစာနာမှုနဲ့ စစ်ပွဲတွေ ရပ်တန့်ပေးကြပါ။ ကျနော်တို့ ရခိုင်ပြည်နယ်ဟာဆိုလို့ရှိရင် တိုင်းနှင့် ပြည် ၁၄ ခုမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအစ နိမ့်ကျနေတယ်။ အဲ့ဒီအချိန်မှာ ဒီလိုစစ်ပွဲတွေ၊ ထိုးစစ်တွေဆင်နွှဲနေလို့ ရှိရင် ကျနော်တို့ ရခိုင်ပြည်ကြီး ဒီထက်မက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဖက်ဖက်က ချွတ်ခြုံကျသွားနိုင်တယ်။ အဲ့ဒါကြောင့်လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲကို နိုင်ငံရေးအရစားပွဲဝိုင်းမှာ ထိုင်ပြီး သမာအာဇီဝကျကျ အဖြေရှာဖို့အတွက် ကျနော်တို့ တောင်းဆိုဆန္ဒပြခြင်း ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒီကနေ့ ဆန္ဒထုတ်ဖော်ကို အချက် ၅ ချက်နဲ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချက်တွေ ကတော့ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများရပ်ဆိုင်းရေး၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးများ ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ နိုင်ငံရေးပြဿာနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာ ဖော်ဆောင်ပေးရေး၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကို မိမိနေရပ်ဒေသကို ပြန်ပြီး နေရာချထားပေးရေး စတဲ့ တောင်းဆိုတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို တောင်ကုတ်မြို့ လွတ်လပ်ရေးကျောက်တိုင်မှာ စုရပ်ထားပြီး အဲဒီကနေ တဆင့် ပတောင်-တောင်ကုတ်လမ်းအတိုင်း စည်းရိုးတန်းလမ်း၊ မာလာမြိုင်လမ်း၊ ဦးဥတ္တမလမ်း၊ ဦးအောင်ဇေယျလမ်းအထိ ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲကို လူအင်အား ၅၀၀ လောက်က မနက် ၈ နာရီမှာစတင်ပြီး မနက် ၉ နာရီမှာ ပြီးဆုံးသွားပါတယ်။ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား ဧပြီ ၁၆ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂၀၀၀ ကျော် ခိုလှုံနေကြ ရပါတယ်။ (သတင်း၊ ၀ဏ္ဏခွာညို။ ဓာတ်ပုံ - ဇေယျာကျော်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024