အရှိန်မထိန်းနိုင်သည့် သုံးဘီးယာဉ် ကားတစီးနှင့်တိုက်မိပြီး ကျွမ်းပြန်မှောက် (ရုပ်သံ)
Published By
DVB | 11 May, 2016
1.9K
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံ၊ ရှန်ဒေါင်းခရိုင်၊ ယူတိုင်းစီရင်စုနယ်မြေမှာ သုံးဘီးယာဉ်တစီးဟာ လူသူရှုပ်ထွေးတဲ့ လမ်းမကြီးပေါ်မှာ မောင်းနှင်လာပြီး လမ်းတဘက်ဆီ အရှိန်နဲ့ ကွေ့ချခဲ့ချိန်မှာ ကားတစီးနဲ့ တိုက်မိပြီး တပတ်လည် ကျွမ်းပြန်မှောက်ခဲ့ပါတယ်။
စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီ သုံးဘီးယာဉ်ဟာ လမ်းတဘက်ကနေ အရှိန်နဲ့ ဖြတ်ကူးလိုက်ချိန်မှာ ဦးတည်ရာမဲ့ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့ပြီး လမ်းအတိုင်း မောင်းနှင်လာတဲ့ ကားတစီးနဲ့ တိုက်မိခဲ့တာကို တွေ့ရပါတယ်။
ကားနဲ့ တိုက်မိပြီးနောက် အဆိုပါသုံးဘီးယာဉ်ဟာ လမ်းမပေါ်မှာ သုံးလေးပတ်လောက် လိမ့်သွားပြီး လျှောထွက်သွားပြီးမှ ရပ်တန့်သွားခဲ့တာပါ။
အဲဒီယာဉ်ပေါ်မှာ လူကြီး ၂ ဦးနဲ့ ကလေး ၁ ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
ဒေသတွင်း ရဲအရာရှိတွေကတော့ ယာဉ်မောင်းသူတွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာဖို့ သတိပေးလိုက်ပါတယ်။