အင်္ဂပူမြို့နယ်တွင် ဓာတ်ဆီဆိုင်မီးလောင်၊ လူငယ် ၁ ဦး ဒဏ်ရာရ
DVB
·
May 11, 2016
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးမြို့အဝင် ဦးဖုန်း ဓာတ်ဆီဆိုင်မှာ မေလ ၁၀ ရက်နေ့ ည ၁၀ နာရီလောက်ကနေ မေလ ၁၁ ရက်နေ့ မနက် ၂ နာရီခွဲလောက်အထိ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူငယ်တဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မီးလောင်ချိန်မှာ ဓာတ်ဆီဆိုင်အတွင်းက ပရိုဗောက်ကားတစီးနဲ့ ဆီဆိုင်အနားက ဆိုင်ခန်း ၅ ခန်းပါ မီးလောင်ခဲ့ပါတယ်။
ဆီပန့်ထဲကို ဆီထဲရာကနေ စတင်လောင်းကျွမ်းတာလို့ ဆိုင်ရှင်က ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်း ၁၃၆၂၀၀၀ ဆုံးရှုံးတယ်လို ထူကြီးရဲစခန်းက ပြောပါတယ်။
ဓာတ်ဆီဆိုင်အတွင်းက မီးလောင်ပြီး ဒဏ်ရာရရှိတဲ့ လူငယ်ကို ဟင်္သာတဆေးရုံကို ပို့ဆောင်ထားရပါတယ်။
ဆီဆိုင်ပိုင်ရှင်ကိုတော့ ဥပဒေအတိုင်းအရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ထူးကြီးရဲစခန်းက စခန်းမှူးက ပြောပါတယ်။ (သတင်း၊ ဓာတ်ပုံ - သိန်းထိုက်မြင့်)