အင်္ဂပူမြို့နယ်တွင် ဓာတ်ဆီဆိုင်မီးလောင်၊ လူငယ် ၁ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးမြို့အဝင် ဦးဖုန်း ဓာတ်ဆီဆိုင်မှာ မေလ ၁၀ ရက်နေ့ ည ၁၀ နာရီလောက်ကနေ မေလ ၁၁ ရက်နေ့ မနက် ၂ နာရီခွဲလောက်အထိ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူငယ်တဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မီးလောင်ချိန်မှာ ဓာတ်ဆီဆိုင်အတွင်းက ပရိုဗောက်ကားတစီးနဲ့ ဆီဆိုင်အနားက ဆိုင်ခန်း ၅ ခန်းပါ မီးလောင်ခဲ့ပါတယ်။ ဆီပန့်ထဲကို ဆီထဲရာကနေ စတင်လောင်းကျွမ်းတာလို့ ဆိုင်ရှင်က ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်း ၁၃၆၂၀၀၀ ဆုံးရှုံးတယ်လို ထူကြီးရဲစခန်းက ပြောပါတယ်။ ဓာတ်ဆီဆိုင်အတွင်းက မီးလောင်ပြီး ဒဏ်ရာရရှိတဲ့ လူငယ်ကို ဟင်္သာတဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဆီဆိုင်ပိုင်ရှင်ကိုတော့ ဥပဒေအတိုင်းအရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ထူးကြီးရဲစခန်းက စခန်းမှူးက ပြောပါတယ်။ (သတင်း၊ ဓာတ်ပုံ - သိန်းထိုက်မြင့်)  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up