A d v e r t i s e m e n t With Us

သက်တမ်းလွန် Dove အလှကုန် မသုံးရန် ကျန်းမာရေး သတင်းထုတ်

Dove တံဆိပ် သက်တမ်းလွန် ခေါင်းလျှော်ရည်ကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေလို့ သုံးစွဲခြင်း မပြုကြရန်နဲ့ ဖြန့်ဖြူးရောင်းချခြင်း မလုပ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ အဲ့ဒီအလှကုန် ကုမ္ပဏီက ဆက်လက်ထုတ်လုပ်ခြင်း မရှိတော့တဲ့ Dove အလှကုန် ၂ မျိုးကို ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချနေတာ စိစစ်တွေ့ရှိလို့ မသုံးကြဖို့ ဖြော်ပပါရှိပါတယ်။ ဈေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချနေတာ တွေ့ရင်လည်း ဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - FDA  

A d v e r t i s e m e n t With Us

More News
Up