ဘင်ဖီကာ ကွင်းလယ်လူနှင့် ဒေါ့မွန် နောက်ခံလူတို့ကို ဘိုင်ယန်မြူးနစ် ခေါ်ယူ

ရီနာတို ဆန်းချက်။ (ဓာတ်ပုံ - ရိုက်တာ)
ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက ကွင်းလယ်လူ ရီနာတို ဆန်းချက်ကို ယူရို ၃၅ သန်းနဲ့ ဘိုင်ယန်မြူးနစ်က ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ မေလ ၉ ရက်နေ့က ဆေးစစ်ချက် အောင်မြင်ပြီးတဲ့နောက်မှာတော့ ဘိုင်ယန်အသင်းက သူ့ကို ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ အသက် ၁၈ နှစ်အရွယ် ဆန်းချက်ဟာ အခုနှစ်မှ ပေါ်တူဂီလက်ရွေးစင် ဖြစ်လာသူပါ။ ဘင်ဖီကာအသင်းကြီးမှာ ၂၀၁၅ ခုနှစ်က စတင်ကစားခဲ့ပြီး ၂၄ ပွဲကစား ၂ ဂိုး သွင်းပေးထားပါတယ်။ ဆန်းချက်ဟာ မန်ချက်စတာယူနိုက်တက် အသင်းက အလိုရှိနေတဲ့ ကစားသမားလည်ဖြစ်ပြီး သူ့ကိုရဖို့ ယူရို ၄၅ သန်းလောက် သုံးဖို့ ကြိုးစားနေတာပါ။ မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်းဒက်ဇ်ရဲ့ အကြံပေးမှုနဲ့ အခု အပြောင်းအရွှေ့ ဖြစ်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အလားတူ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်နောက်ခံလူ ဟမ်းမဲလ်ကိုလည်း ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒေါ့မွန်နောက်ခံလူရဲ့ ပြောင်းရွှေ့ကြေးကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up