A d v e r t i s e m e n t With Us

ပတ်ကွီရို လွှတ်တော်အမတ်ဖြစ်တော့မည်

Manny Pacquiao
မေ ၁၀ ရက် ရွေးကောက်ပွဲ ရလဒ်တွေအရ ဖိလစ်ပိုင်နိုင်ငံက လက်ဝှေ့သူရဲကောင်း မန်နီပတ်ကွီရိုက အထက်လွှတ်တော်အမတ် ဖြစ်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒီအတွက် သူရဲ့ ဖိလစ်ပိုင် သမ္မတဖြစ်ရေး အိမ်မက်ဟာ နီးစပ်လာပြီ ဖြစ်ပါတယ်။ မဲ ၉၁ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်မှာတော့ ကမ္ဘာ့ ၈ ကြိမ်မြောက် လက်ဝှေ့ချန်ပီယံက မဲပေးသူ ၁၄.၉၄ သန်း ရှိပြီး လွှတ်တော်ကို ၀င်ရောက်ဖို့ မဲအရေအတွက်ကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ ကိုယ်စားလှယ် ၅၀ ဦးစာရင်းမှာ ပက်ကွီရိုက နံပတ် ၈ ချိတ်နေပြီး ဒီအထဲက ၁၂ ဦးက အထက်လွှတ်တော်ကို ၀င်ရောက်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်တဦးက ဆင်းရဲတဲ့ အတွေ့အကြုံမရှိရင် ဆင်းရဲမှုကို အစစ်အမှန် မခံစားရဘူးလို့ ပတ်ကွီရိုက စည်းရုံးရေးလှုပ်ရှားမှုမှာ ပြောပါတယ်။ ဆင်းရဲသားတွေကို ကူညီဖို့နဲ့ လယ်သမား ဆရာသမားတွေရဲ့ ဘ၀ တိုးတက်မြင့်မားဖို့ အခမဲ့ ပညာရေး စနစ် ဖြစ်ဖို့ စည်းရုံးလှုပ်ရှားစဉ်မှာ ပတ်ကွီရိုက ကတိပေးခဲ့ပါတယ်။ အသက် ၃၇ နှစ် ပတ်ကွီရိုဟာ ဆင်းရဲတဲ့ လမ်းဘေးကနေ ကမ္ဘာကျော် လက်ဝှေ့သမား ဘ၀ကို တက်လှမ်း နိုင်ခဲ့ပါတယ်။ ဒီနောက် နိုင်ငံရေးအလုပ်တွေ အာရုံစိုက်လုပ်ဆောင်ဖို့ လက်ဝှေ့သမား ဘ၀ကနေ အနားယူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up