Home
မြန်မာသတင်း
ရာဇဂြိုဟ်ဆည်တွင်း နုန်းများကြောင့် လာမည့် မိုးရာသီတွင် ဆည်ပြိုမှာ ဒေသခံများ စိုးရိမ်
DVB
·
May 10, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီး ရာဇဂြိုဟ်ဆည်တွင်း နုန်းမြေတွေများလာတဲ့အတွက် သတ်မှတ်ရေသိုလှောင်ပမာဏနည်းလာကာ လာမယ့်မိုးရာသီမှာ ဆည်ပြိုကျိုးပေါက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ အခုလို ဆည်ရေလှောင်ဧရိယာအတွင်း နုန်းတင်ကျန်ခဲ့ပြီး ဆည်ရေသတ်မှတ်ချက် ပမာဏ အတိုင်း မသိုလှောင်နိုင်တော့အတွက် နှုန်းမြေတွေကို အဆင့် ၂ ဆင့်သတ်မှတ်ကာ နုန်းစုပ်စက်တွေ အသုံးပြုဖယ်ရှားနေတယ်လို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောပါတယ်။ “ဆည်ထဲမှာ ရှိနေတဲ့ နုန်းမြေထုပမာဏ အတိအကျသတ်မှတ်ဖို့ ခက်ခဲနေပေမယ့် ကလေး ဒေသခံတွေအတွက် စိုးရိမ်မှု လျော့ကျစေဖို့နဲ့ သတ်မှတ်ရေပမာဏအတိုင်း သိုလှောင်နိုင်ဖို့ အတွက် ဆည်အတွင်းက နုန်းမြေတွေကို ယခုလ ၁ ရက်နေ့က စပြီး ၈ လုံးထိုး နုန်းစုပ်စက် ၄ လုံး ၆ လုံးထိုး နုန်းစုပ်စက် ၂ လုံးနဲ့ စုပ်ထုတ်နေပါတယ်။” ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလတွေက ချင်းတောင်မိုးရေချိန် များပြားခဲ့ပြီး တောင်တန်းပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တောင်ပြိုမြေတွေဟာ ကလေးလွင်ပြင် စိုက်ပျိုးမြေ တွေပေါ် ဖုံးလွှမ်းခဲ့တဲ့အပြင် ရာဇဂြိုဟ်ဆည် ရေလှောင်ဧရိယာထဲကိုလည်း အများအပြား ဝင်ရောက်ခဲ့တဲ့အတွက် ဆည်ကြမ်းပြင် မြင့်တက်လာခဲ့ပြီး လာမယ့် မိုးရာသီမှာ ဆည်တမံ ကျိုးပေါက်မှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာဖြစ်ပါတယ်။ (သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024