A d v e r t i s e m e n t With Us

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန လွှတ်တော်အတည်ပြု

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသစ်တခု တိုးချဲ့ဖွဲ့စည်းရန် သမ္မတရဲ့ တင်ပြချက်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေအပါအ၀င် ဘယ်သူကမှ ဆွေးနွေး  ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ပါတယ်။ အစိုးရသစ် ဖော်ဆောင်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို ထပ်မံ ဖွဲ့စည်းရန် သမ္မတ ဦးထင်ကျော်က မေ ၅ ရက်ကတည်းက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့သဘောထား တောင်းခံထား တာပါ။ ဒီကိစ္စဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြိုတင်တောင်းခံခဲ့ပေမယ့်လည်း အမည်စာရင်းတင်သွင်းသူ မရှိလို့  ဆွေးနွေးရန် မလိုဘဲ ပြည်ထောင်စုလွှတ်တော်က သဘောတူ လိုက်တာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတင်မျိုးဝင်း ဖြစ်လိမ့်မယ်လို့ သတင်းတွေထွက်နေပေမယ့်  ဒီဗွီဘီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up