A d v e r t i s e m e n t With Us

မုဒိမ်းမှုကျူးလွန်ခဲ့သည့် ညီအစ်ကို ဂျုံကီလို ၁၂၀၀ လျော်ကြေးပေးပြီး လွတ်မြောက်

ဓာတ်ပုံ - အင်ဒီပန်းဒန့်
ပါကစ္စတန်နိုင်ငံသား ညီအစ်ကို ၂ ဦးဟာ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်ပြီးနောက်မှာ လျော်ကြေး ဂျုံ ကီလိုဂရမ် ၁၂၀၀ ကို လျော်ကြေးပေးကာ လွတ်မြောက်ခဲ့တယ်လို့ Independent သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ မာ့စ်တက်ခ် မန်ဂရီယိုနဲ့ ဆူလေမန် မန်ဂရီယို အမည်ရတဲ့ အဲဒီညီအစ်ကိုဟာ ဆင်းဒ်ခရိုင်၊ အူးမာကော့တ်ဒေသတွင်းက ရွာငယ်တရွာမှာ အာရ်အမည်ရတဲ့ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ကြတာပါ။ အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ အိတ်ဖွင့်ပေးစာ တစောင်မှာတော့ သူတို့ ၂ ဦးလုံးဟာ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း ဒေသတွင်းဆေးရုံက အတည်ပြုခဲ့ပြီး ရဲတွေက ဒါကို တရားသေလွှတ်ခဲ့တာလို့ ဆင်းဒ်ခရိုင် ကျေးလက်ဖက်စပ် အဖွဲ့အစည်းနဲ့ အူးမာကော့တ်ဒေသဥက္ကဋ္ဌ ဗီရာဂျီကိုလီတို့ထံမှ ရရှိတဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး ပြောလိုက်ပါတယ်။ ရဲတွေက ဒါကို အရေးမယူခဲ့ဘူးလို့ ပြောလိုက်ချိန်မှာ သူတို့အနေနဲ့ ဒါကို ဂျာဂါလို့ခေါ်တဲ့ ရိုးရာလူမျိုးစု တရားရုံးကို ဆက်လက်ကိုင်တွယ်နိုင်ဖို့ လွှဲပြောင်းပေးခဲ့ကာ သူတို့က လျော်ကြေး ဂျုံကီလိုဂရမ် ၁၂၀၀ ကို ပေးဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်မှာ သတင်းမီဒီယာတွေကြား စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့တာပါ။ ပြစ်မှုကျူးလွန်သူ ညီအစ်ကို ၂ ဦးဘက်က ငွေကြေးအင်အား တောင့်တင်းတဲ့ မြေပိုင်ရှင်တွေဖြစ်ကြပြီး အဆိုပါ ဆယ်ကျော်သက်မိန်းကလေးရဲ့ မိသားစုဝင် ၁၄ ဦးဟာ သူတို့လက်အောက်မှာ အလုပ်လုပ်နေကြရတာ ဖြစ်တယ်လို့ အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ သူတို့က စွပ်စွဲခံထားရတဲ့ မုဒိမ်းမှုကျူးလွန်သူ ညီအစ်ကို ၂ ဦးကို ဖမ်းဆီးတရားစွဲဖို့ ပြည်သူတွေကို ဆင်းဒ်ပြည်နယ် အစိုးရဆီ စာရေးသားတောင်းဆိုကြဖို့ တိုက်တွန်းလိုက်တာပါ။

A d v e r t i s e m e n t With Us

More News
Up