Home
မြန်မာသတင်း
ရှမ်းတောင်ပိုင်းတပ်နှင့် တအာင်းတပ်ကြားတိုက်ပွဲများရပ်ရန် ရှမ်းမြောက်ပိုင်းတပ် တိုက်တွန်း
အေးနိုင်
·
May 10, 2016
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အကြား ပြန်လည်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းတဲ့တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြဖို့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) က အလေးအနက် ထပ်မံတိုက်တွန်း လိုက်ပါတယ်။ မေလ ၁ ရက်နေ့ကစပြီး တိုက်ပွဲတွေပြန်ဖြစ်ကြလို့ နှစ်ဘက်ထိခိုက်ဆုံးရှုံးတဲ့အပြင် ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုတွေကို အထူးစိုးရိမ်ပူပန်ရတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ဗဟိုကော်မတီက မေ ၇ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဆုက “တိုက်ပွဲက တော်တော်လေးဆိုးသွားပါတယ်ခင်ဗျ၊ တော်တော်လေးဆိုးတယ်ဆိုတာက နှစ်ဖက်က အပြန်အလှန်နားလည်မှု အားနည်းပြီးတော့ အပြန်အလှန်အတင်းအလျော့တွေ ဟိုဟာပေါ့ ကျနော်တို့ဖြစ်ချင်တတဲ့အတိုင်းအတာ၊ တိုက်တွန်းတဲ့အတိုင်းအတာက ဖြစ်မလာပဲနဲ့ ပိုပြီးတော့ ပြင်းလာတဲ့သဘောရှိတယ်လေ။ နောက်ပြီးတော့လည်း လူ့အခွင့်အရေးတွေ အပြန်အလှန် ချိုးဖောက်မှုတွေရှိတယ်၊ ရှိတယ်ဆိုတာက မုန်းဝီးဘက်က ဟိုပန်ရွာဆိုတဲ့ဟာ အဆိုးဆုံးဖြစ်နေတယ်။ (မေလ ၆ ရက်နေ့က စစ်ဘေးရှောင်နေကြတဲ့ မုန်းဝီးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့)အဲဒီဟာက အပြန်အလှန် လက်ညှိုးထိုးနေတယ်။ ရွာမီးရှို့တဲ့ဟာ သက်သေ အထောက်အထားတွေ တိတိကျကျမှန်မှန်ကန်ကန်ရအောင်လို့ ကျနော်တို့က ဖော်ထုတ်ဖို့ တိုက်တွန်းချင်တယ်၊ အပြည့်အစုံပေါ့နော်။ အခုက အပြန်အလှန်လက်ညှိုးထိုးနေတယ်။” လို့ ပြောပါတယ်။ များသောအားဖြင့် မိမိထိန်းချုပ်နယ်မြေထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခပိုမိုမကျယ်ပြန့်စေဖို့ ထိန်းသိမ်းရသလို မည်သည့်ဘက်ကမှ ပါဝင်ခြင်း၊ အားပေးခြင်းမပြုဘဲ ရှောင်ရှားခဲ့ကြောင်းနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိပါးနှောင့်ယှက်တဲ့ ဘယ်အဖွဲ့ကိုမဆို လုံးဝ ဆန့်ကျင်ကြောင်း ဆိုပါတယ်။ လက်ရှိကာလမှာ နိုင်ငံရေးပြဿ နာတွေကို စစ်ရေးနည်းနဲ့ဖြေရှင်းရန် အထူးရှောင်းရှားဖို့ လိုကြောင်းနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်းနေရမယ့် ပြည်ထောင်စုကြီးအတွက် အရေးကြီးတဲ့အချိန်မှာ လက်နက်ကိုင်ပဋိပက္ခပြန်ဖြစ်တာဟာ မိမိတို့တိုင်းရင်းသားလူမျိုးစုတွေရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးကို နှောင်းနှေးစေတယ်လို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ဟာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားပြီး တအာင်းတပ်မတော် ကတော့ မထိုးသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024