ကြင်နာတတ်သည့် တရုတ်ယာဉ်ထိန်းရဲ အင်တာနက်ပေါ် ရေပန်းစား (ရုပ်သံ)
Published By
DVB | 10 May, 2016
3.1K
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံမှ ယာဉ်ထိန်းရဲတဦးဟာ မိုးရေထဲမှာ ကလေးငယ်တဦးကို ပွေ့ချီပြီး ဦးထုပ်နဲ့ အကာအကွယ်ပေးခဲ့တဲ့ အပြုအမူဟာ ကြင်နာတတ်သူတဦးအဖြစ် အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားခဲ့ပါတယ်။
မိုးသည်းသည်းထန်ထန် ရွာနေချိန် လမ်းမတခုပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့ပြီး ကားပေါ်က ကလေးငယ်ကို အဆိုပါယာဉ်ထိန်းရဲက ကယ်တင်ခဲ့တာပါ။
သူဟာ ကလေးငယ်ကို မိုးဒဏ်မှ ကာကွယ်ပေးဖို့ လက်မောင်းကြား ပွေ့ဖက်ပေးထားခဲ့ကာ ခေါင်းကို လက်နဲ့ အုပ်မိုးပေးထားခဲ့တာပါ။
အဲဒီနောက်မှာတော့ သူ့ရဲ့ ယာဉ်ထိန်းရဲဦးထုပ်ကို ချွတ်ယူပြီး ကလေးငယ်ကို ဆောင်းပေးကာ အကာအကွယ် ပေးလိုက်ပါတယ်။
သူက ကလေးငယ် မိုးရေထဲမှာ အအေးမိသွားမှာကို စိတ်ပူနေခဲ့မိတယ်လို့ နောက်ပိုင်းမှာ ပြောပါတယ်။
ကြင်နာတတ်တဲ့ သူ့ရဲ့အပြုအမူကြောင့် အင်တာနက်အသုံးပြုသူတွေကြားမှာ ရေပန်းစားခဲ့တာဖြစ်ပြီး အဲဒီအဖြစ်အပျက် ရုပ်သံဖိုင်ကို စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။