A d v e r t i s e m e n t With Us

သမ္မတဖြစ်လျှင် လူချမ်းသာများကို အခွန်တိုးကောက်မည်ဟု ဒေါ်နယ်ထရမ့် ပြော

ဓာတ်ပုံ - ရိုက်တာ
ရီပတ်ဗလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် သတ်မှတ်နိုင်တဲ့ ဘီလီယံနာ သူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်က သူ သမ္မတဖြစ်ရင် လူချမ်းသာတွေကို အခွန်တိုးမြှင့်ကောက်ရမယ်လို့ မေလ ၈ ရက်က ရုပ်သံအင်တာဗျူးတခုမှာ ပြောဆိုပါတယ်။ အစပိုင်းပြောခဲ့တာကတော့ အမေရိကန် ချမ်းသာကြွယ်ဝသူတွေကို အခွန်လျှော့ကောက်မယ်လို့ မဲဆွယ်ပြောဆိုခဲ့တာဖြစ်ပြီး အခုတော့ ပြင်ဆင် ပြောဆိုခဲ့တာပါ။ အမေရိကန် စီးပွားရေးလုပ်ငန်းတွေနဲ့ လူလတ်တန်းစား အမေရိကန်ပြည်သူတွေကို အခွန်လျှော့ချပြီး လူနည်းစု လူချမ်းသာတွေကို အခွန်တိုးကောက်မယ့်ကိစ္စ ဒီမိုကရက်တစ်ပါတီနဲ့ ညှိနှိုင်းပြီးမှ အတည်ပြုနိုင်မယ်လို့လည်း ပြောဆိုပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ လက်ရှိ အခြေခံလုပ်အားခ ဘယ်လောက် ဘယ်ရွေ့ရရမယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးပေမယ့် လက်ရှိရနေတာထက် ပိုရသင့်တာကတော့ သေချာတယ်လို့ ပြောဆိုပါတယ်။ ရီပတ်ဗလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင် အတည်မပြုရသေးပေမယ့် လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ သေချာသလောက် ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up