ကားမှန်ကို လေးခွနှင့်ပစ်ခွဲပြီး ပစ္စည်းခိုးယူသည့် ဖောက်ထွင်းဝိဇ္ဇာ (ရုပ်သံ)

တရုတ်နိုင်ငံမှာ နေ့လယ်ခင်း လူသူရှုပ်ထွေးနေချိန် လမ်းမကြီးပေါ်မှာ ကားမှန်ကို လေးခွနဲ့ပစ်ခွဲပြီး အတွင်းမှ အိတ်ကို ဖောက်ထွင်းခိုးယူခဲ့သူ အမျိုးသားတဦးကို ရုပ်သံကင်မရာမှတဆင့် တွေ့ရှိခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ အချိန် ၁ မိနစ်လောက်သာကြာခဲ့ပြီး သူဖောက်ထွင်းခဲ့တဲ့ ကားရဲ့ နောက်မှာ ရပ်ထားတဲ့ ကားအတွင်း တပ်ဆင်ထားတဲ့ ကားဒက်ရှ်ဘုတ်ကင်မရာကနေတဆင့် ခုလို ဖမ်းယူရရှိခဲ့တာပါ။ အဲဒီအမျိုးသားဟာ ကားဘေးမှာ မယောင်မလည် ရပ်နေခဲ့ကာ လမ်းဘေးကနေ အသင့်ပါလာတဲ့ လေးခွကို ထုတ်ယူပြီး ကားရှေ့မှန်ကို စတီးလုံးနဲ့ ပစ်ခဲ့တာကို ရုပ်သံကင်မရာထဲမှာ တွေ့ရပါတယ်။ ဒီနောက် သူဟာ အသင့်ပါလာတဲ့ လက်အိတ်တစုံကို ထုတ်ယူပြီး ကားအနီး ပြေးကပ်ကာ ကားမှန်ကို ထိုးခွဲပြီးနောက် အိတ်ကို ဆွဲထုတ်ယူပြီး ပါလာတဲ့ သူ့ရဲ့ကားနဲ့ ထွက်ပြေးသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up