A d v e r t i s e m e n t With Us

ထိုင်းရောက် မြန်မာအလုပ်သမားများအပေါ် တန်းတူအခွင့်အရေးပေးရန် မြန်မာသမ္မတ တောင်းဆို

ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအပေါ် အလုပ်သမား အခွင့်အရေး တန်းတူပေးစေလိုတယ်လို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင်ကို တိုက်တွန်း ပြောကြား လိုက်ပါတယ်။ ဒီကနေ့ မနက် ၁၀နာရီက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့စုံစဉ်ပြောကြားခဲ့တာလို့ အစိုးရသတင်းထုတ်ပြန်ပါတယ်။ ဧည့်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားနိုင်ငံမှာ  မကြာမီ ကျင်းပတော့မယ့်  ရုရှား- အာဆီယံအစည်းအဝေးမှာ  မြန်မာနဲ့  ထိုင်း နှစ်နိုင်ငံအကြီးအကဲတွေ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးလိုကြောင်းနဲ့  ထိုင်းနိုင်ငံကို အလည်အပတ်ခရီး လာရောက်ဖို့ သမ္မတကို ဖိတ်ခေါ်ကြောင်းလည်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်မှာ  မြန်မာ၊ ထိုင်း၊ ဂျပန်သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိတဲ့  ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း တွေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အပြင် ထားဝယ်ဆေးရုံကြီး အရေးပေါ်ဌာန အဆင့်မြှင့်တင်တည်ဆောက်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံပွဲကို  နိုင်ငံတော်သမ္မတနဲ့အတူ  ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နဲ့  တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up